ကာမိုင်း

September 25, 2021

ကာမိုင်းမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၁ ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်မှာ စက်တင်ဘာ ၂၃ ရက် ည ၁၂ နာရီလောက်က မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ  အမျိုးသား တယောက်  သေနတ်နဲ့   ပစ်သတ်ခံခဲ့ရတယ်လို့ ဒေခသံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပစ်သတ်ခံရသူဟာ  မအူပင်စုရပ်ကွက်မှာနေတဲ့ ဦးမရန်ဇော်ဖန်ဖြစ်ပြီး   အမည်မသိ သေနတ်သမားက ပစ်သတ်သွားတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

“သူက မူးယစ်ဆေးဝါးသုံးသလို ရောင်းလည်းရောင်းတယ်။ ခု သေနတ်နဲ့ ရှေ့ကနေ ပစ်သွားတာ။ မူးယစ်ဆေးဝါးရောင်းတဲ့နေရာအနားမှာပဲ အပစ်ခံရတာ။ ဘယ်သူပစ်လည်းတော့ မသိဘူး။ ညဘက် သေနတ်သံကြားတယ်၊ မနက် အလောင်းတွေ့တာပဲ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ကာမိုင်းမြို့နယ်မှာ သြဂုတ် ၁၁ ရက်ကလည်း  စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်  ဦးတင်အောင်ဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ ပါတယ်။

2 months Ago

February 24, 2020

ကာမိုင်းမြို့တွင် အင်အား ၄.၃ အဆင့်ရှိ မြေငလျင်လှုပ်

ကချင်ပြည်နယ် ကာမိုင်းမြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၄.၃ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၂ နာရီ၊ ၀၃ မိနစ်၊ ၂၅ စက္ကန့်အချိန်က မြစ်ကြီးနားမြေငလျင်စခန်းကနေ အနောက်ဘက် ၄၃ မိုင် ခန့်ကွာဝေးသော ကာမိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၆ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၅၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၇၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
2 years Ago
Up