ကာစန်း

February 27, 2020

ကယ်လီဖိုးနီးယားတွင် ရေနံချက်စက်ရုံ မီးလောင်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က မာရသွန်ရေနံကော်ပိုရေးရှင်းပိုင် ကာစန်းရေနံချက်စက်ရုံရှိ အအေးခံတဲ့နေရာမှာ ဖေဖော်ဝါရီ ၂၅ ရက်က ပေါက်ကွဲ မီးလောင်ခဲ့ပါတယ်။ လောစ့်အိန်ဂျလိစ်မြို့နယ်က မီးသတ်သမားတွေက မာရသွန်ကော်ပိုရေးရှင်းက အရာရှိတွေနဲ့ အတူ မီးငြှိမ်းသတ်ခဲ့ရပြီး ဒဏ်ရာရသူစာရင်း မရသေးဘူးလို့ ဒေသခံမီဒီယာက ပြောပါတယ်။  မီးငြှိမ်းဖို့ ရေနံချက်စနစ်ကို ဖိအားလျော့အောင် မီးသတ်တပ်ဖွဲ့တွေက လုပ်ခဲ့ရတယ်လို့ လော့စ်အိန်ဂျလိစ်မြို့နယ် မီးသတ်ဌာနက လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။ ဒီရေနံချက်စက်ရုံဟာ တရက်ကို ရေနံစိမ်းစည် ၃၆၃၀၀၀ ချက်လုပ်နိုင်စွမ်း ရှိပါတယ်။
1 year Ago
Up