ကာဂျစ္စတန်

June 11, 2021

မြန်မာအသင်း ကာဂျစ္စတန်ကို (၁-၈) ဂိုးဖြင့် ရှုံးနိမ့်

ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာလက်ရွေးစင်အသင်းနဲ့ ကာဂျစ္စတန် အသင်းတို့ ဇွန်လ ၁၁ ရက်က ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ယှဉ်ပြိုင်ကစားကြရာမှာ မြန်မာအသင်းက (၁-၈) ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်းပွဲချိန် ၂၄ မိနစ်မှာတင် ရန်နိုင်ဦး   အထုတ်ခံခဲ့ရလို့ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ပထမပိုင်းမှာတင် ၅ ဂိုးသွင်းခံရပြီး  ဒုတိယပိုင်းမှာ ၃   ဂိုးထပ်သွင်းခံရကာ  ချေပဂိုး ၁ ဂိုး ပြန်သွင်းနိုင်ခဲ့လို့  ပွဲအပြီးမှာ စုစုပေါင်း ၁ ဂိုး ၈ ဂိုးနဲ့ ရှုံးနိမ့်သွားတာပါ။ မြန်မာအသင်းတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၆၉ မိနစ်မှာ အလယ်တန်းလူ လှိုင်းဘိုဘိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်က အိမ်ရှင် ဂျပန်အသင်းနဲ့ ပွဲစဉ်မှာလည်း ၁၀ ဂိုးပြတ် စံချိန်တင်ရှုံးနိမ့် ခဲ့ပါတယ်။

မြန်မာ၊ ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ မွန်ဂိုလီးယားတို့ ပါဝင်တဲ့ အုပ်စု F မှာ  ဂျပန်အသင်းက လက်ကျန်ပွဲတွေရှိနေပေမဲ့ လက်ရှိ ၇ ပွဲကစား ရမှတ် ၂၁ မှတ် အုပ်စုပထမနဲ့ ခြေစစ်ပွဲ အောင်သွားခဲ့ပြီဖြစ်ပါတယ်။

မြန်မာအသင်းကတော့ ၇ ပွဲကစား ရမှတ် ၆ မှတ်နဲ့ အုပ်စုနောက်ဆုံး အသင်း ၂ နေရာမှာ ရှိနေပြီး ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် ဝေးသွားပြီဖြစ်ပါတယ်။ 

PHOTO- AFC

3 months Ago

October 11, 2019

မြန်မာနှင့် ကန်သည့်ပွဲအတွက် ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ် ဒေါ်လာ ၂၀၀၀၀ ဒဏ်ရိုက်ခံရနိုင် 

မြန်မာအသင်းနဲ့ ကန်ခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ဘောလုံးပရိတ်သတ် တဦးက ကွင်းအတွင်း ဝင်ပြေးဝင်ခဲ့တာနဲ့ ပတ်သက်ပြီး  ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ်ဟာ အမေရိကန် ဒေါ်လာ ၂၀၀၀၀ ဒဏ်တပ်ခံရနိုင်တယ်လို့ ကာဂျစ္စတန်ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ပြောပါတယ်။  ကာဂျစ္စတန်နိုင်ငံ၊ ဘစ်ရှကတ်မြို့မှာ အောက်တိုဘာ ၁၀ ရက်ညက   ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အိမ်ရှင်ကာဂျစ္စတန်အသင်းက  မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို ၇ ဂိုးပြတ်သွင်းယူ အနိုင်ရခဲ့တဲ့အတွက် ပရိတ်သတ်တွေ အောင်ပွဲခံခဲ့ကြတာပါ။ ပွဲအပြီးမှာလည်း ကာဂျစ္စတန်ဘောလုံးပရိတ်သတ် ၂ ဦးက ကွင်းထဲဝင်ပြေးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က လိုက်ဖမ်းခဲ့ရပါတယ်။  ၂၀၁၅ ခုနှစ်တုန်းကလည်း ကာဂျစ္စတန်နိုင်ငံကျင်းပတဲ့ ဩစတြေးလျအသင်းနဲ့  ကာဂျစ္စတန် အသင်းတို့ ပွဲစဉ်မှာလည်း အလားတူဖြစ်ရပ်ကြောင့် ဒေါ်လာ ၂၈၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။  ဓာတ်ပုံ- Akipress
2 years Ago

မြန်မာအသင်းက ကာဂျစ္စတန်ကို ၇ ဂိုးပြတ် ရှုံးနိမ့်

မနေ့ညက ကာဂျစ္စတန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာလက်ရွေးစင်အမျိုးသားအသင်းဟာ ကာဂျစ္စတန်ကို ၇ ဂိုးပြတ် ရှုံးနိမ့်သွားပါတယ်။ မြန်မာအသင်းဟာ ကာဂျစ္စတန်အသင်းရဲ့ တိုက်စစ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ပဲ ပထမပိုင်းမှာ ၅ ဂိုးနဲ့ ဒုတိယပိုင်းမှာ ၂ ဂိုး စုစုပေါင်း ၇ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ အသင်းအနေနဲ့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ မြန်မာနည်းပြ ရာဒူလိုဗစ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  "ကာဂျစ်စတန် အသင်းက ကျနော်တို့ထက်ပိုကောင်းခဲ့တဲ့ အသင်းပါ။ ကျနော်တို့လည်း အခွင့်အရေး ရရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ အခွင့်အရေးတွေကိုသာ စောစောအသုံးချနိုင်ခဲ့ရင် ပွဲရလဒ်က တမျိုးပြောင်းသွားနိုင်ပါတယ်။ ကစားသမားတွေအနေနဲ့လည်း ဒီပွဲမှာ အာရုံစိုက်မှု အားနည်းခဲ့ပါတယ်။ ကျနော့်အနေနဲ့ အသင်းကို ပုံစံအသစ်နဲ့ ပြန်လည်တည်ဆောက်နေပြီး လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲလို ပြိုင်ပွဲမျိုးအတွက် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။" ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကာဂျစ္စတန်အသင်းဟာ အဖွင့်ပွဲစဉ်တုန်းက တာဂျစ်ကစ္စတန် အသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မြန်မာအသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ မြန်မာအသင်းကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မွန်ဂိုလီးယားနဲ့ ဂျပန်အသင်းတွေကိုလည်း ရှုံးနိမ့်ထားပါတယ်။
2 years Ago
More News
Up