ကာကွယ်ရေးဦးစီးချုပ်(ရေ)

July 6, 2020

ဘူမိဖဿမုဒြာ ဗုဒ္ဓရုပ်ပွားတော်ပလ္လင်တော်အစိတ်အပိုင်းများကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ပင့်ဆောင်ပူဇော်

ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပလ္လင်တော်အစိတ်အပိုင်းတွေကို မနေ့က ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်ပြီး ပင့်ဆောင်ပူဇော်ခဲ့ပါတယ်။ နေပြည်တော်မှာ တည်ထားကိုးကွယ်မယ့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပလ္လင်တော်အစိတ်အပိုင်းတွေကို မနေ့က ကာကွယ်ရေးဦးစီးချုပ်(ရေ) ဦးဆောင်ပြီး ပင့်ဆောင်ပူဇော်ခဲ့ပါတယ်။ ပလ္လင်တော် အစိတ်အပိုင်း အမှတ် ၃ နဲ့ ၅ တို့ကို မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ကျေးရွာဆိပ်ကမ်းနားကနေ ပြည်ကြီး မွန်ရတနာရွှေဖောင်တော်နဲ့ လှေတော်ဝင်းခင်းပြီး ပင့်ဆောင်တာလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒေဝါဝင်း၊ ရာဇာဝင်းခင်းခဲ့သလို ပလ္လင်တော်အစိတ်အပိုင်း အမှတ် ၃ နဲ့ ၅ တို့ကို သံဃာတော်တွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနဲ့ တာဝန်ရှိသူတွေက ပရိတ်နံ့သာရည် ပက်ဖျန်းပူဇော်ပြီး မင်္ဂလာလှေတော်ဝင်းအဖွဲ့ကလည်း လှေလှော်သံတက်ယိမ်းနဲ့ ပူဇော်ကြတယ်လို့ ဆိုပါတယ်။ ပလ္လင်တော်အစိတ်အပိုင်း အမှတ် ၃ နဲ့ ၅ စကျင် ကျောက်တော်ကြီးတွေဟာ တတုံးကို ၃၆၅ တန်လောက်ရှိပြီး M.V Aquarius ရေယာဉ်နဲ့ တင်ဆောင်လို့ စကျင်ကျေးရွာဆိပ်ကမ်းကနေ မြောင်မြစ်နဲ့ ဧရာဝတီမြစ်အတိုင်း ဆီမီးခုံဆိပ်ကမ်းဆီကို ပင့်ဆောင်သွားတာ ဖြစ်ပါတယ်။ ပလ္လင်တော်အစိတ်အပိုင်း အမှတ် ၁ နဲ့ ၄ တို့ကို ဇူလိုင် ၃ ရက်မှာ ပင့်ဆောင်ခဲ့ပြီး ၄ ရက်နေ့က မြင်းခြံခရိုင် ဆီမီးခုံဆိပ်ကမ်းကို ရောက်နေပြီ ဖြစ်ပါတယ်။
10 months Ago
Up