ကာကွယ်ရေ

April 3, 2020

COVID-19 ရောဂါကာကွယ်ရေး ဧရာဝတီတိုင်းဝန်ကြီးချုပ် ၁၀ သိန်း လှူဒါန်း

ဧရာဝတီတိုင်းအတွင်း COVID-19 ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက အလှူငွေတွေ ပါဝင်လှူဒါန်းခဲ့ကြပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမမှာ ဧပြီ ၂ ရက်နေ့က ကျင်းပပြုလုပ်တဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ ဝန်ကြီးတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ စုစုပေါင်း လှူဒါန်းငွေ ၆၄ သိန်း ရရှိခဲ့ပါတယ်။ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းသုံးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် ဝန်ကြီးချုပ် ဦးလှမိုးအောင်က ၁၀ သိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ၁ သိန်း၊ အပါအဝင် တိုင်းအဆင့်ဌာနဆိုင်ရာအကြီးကဲတွေရဲ့ ပါဝင် လှူ ဒါန်းငွေ ၆၄ သိန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ လှူဒါန်းတဲ့ငွေတွေကို ဝန်ကြီးချုပ် နဲ့ ဘဏ္ဍာရေးဝန်ကြီးတို့က လက်ခံရယူခဲ့ပြီး လှူဒါန်းသူ တွေကို ဂုဏ်ပြုမှတ်တမ်းလွှာတွေပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများမှာ အသုံးပြုဖို့အတွက် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်ကို တိုင်းအစိုးရအဖွဲ့က ငွေကျပ်သိန်း ၃၀၀၀ ကျော်ထောက်ပံ့ ပေးသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။ ဧရာဝတီတိုင်းမှာ COVID-19 ရောဂါပိုးတွေ့ရှိသူမရှိသေးပေမယ့် ပြည်ပနိုင်ငံတွေက ပြန်လာ သူတွေကို ၁၄ ရက်စောင့်ကြည့်တဲ့ Facility Quarantine Center ၃၁၇ နေရာဖွင့်လှစ်ထားပြီး လူဦးရေ ၂၂၃၅ ဦးကို စောင့်ကြည့်တာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)  
1 year Ago

April 2, 2020

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး ကြေးနီမျက်နှာဖုံးသုံးကြရန် ချီလီကုမ္ပဏီ လှုံ့ဆော်

သရီးဒီပရင့်တာနဲ့ ထုတ်လုပ်နိုင်ပြီး ပြန်သုံးလို့ရတဲ့ ကြေးနီမျက်နှာဖုံးတွေကို  များများသုံးကြ ဖို့ ချီလီကုမ္ပဏီတခုက လှုံ့ဆော်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း ပိတ်စနဲ့လုပ်တဲ့ မျက်နှာဖုံးအကာတွေ ပြတ်လပ်မှုဖြစ်လာချိန်မှာ ချီလီရဲ့ Copper3D ကုမ္ပဏီက လွှင့်ပစ်စရာ၊ အမှိုက်ရှုပ်  စရာမလိုတော့ဘဲ ဘက်တီးရီးယားတွေကိုလည်း သတ်နိုင်စွမ်းရှိတဲ့ ကြေးနီသတ္တုကို အစားထိုးသုံးဖို့ တိုက်တွန်း နေတာပါ။  ကမ္ဘာ့အကြီးဆုံးကြေးနီကုမ္ပဏီဖြစ်တဲ့ ချီလီအစိုးရပိုင်ကုမ္ပဏီ ကိုဒဲလ်ကို Codelco ကလည်း ကြေးနီကို အသုံးချပုံနည်းသစ်တွေ ဖွံ့ဖြိုးဖို့ အားပေးနေပါတယ်။  NanoHack 2.0 လို့ခေါ် တဲ့ အဲဒီကြေးနီသတ္တုသုံး မျက်နှာဖုံးတွေကို သရီးဒီပရင့်တာနဲ့ ပုံနှိပ်ထုတ်လုပ်ဖို့ ငါးနာရီ  လောက်ကြာပြီး၊ အခု အခါ ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်မှာ အခမဲ့ download ဆွဲလို့ရအောင် တင်ထားပေးတာ ကနဦးမော်ဒယ်ကိုပဲ download ဆွဲကြတာ အကြိမ်ရေ ၅ သန်းကျော်ပြီလို့ သိရပါတယ်။  အဆိုပါ မျက်နှာဖုံးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ နည်းစနစ်တွေအရ ရေဆေး၊ ပိုးသတ်နိုင်ပြီး အပူရှိန်ဒဏ်မခံနိုင် တာကလွဲလို့  ဆေးကုသရေးမှာ အသုံးဝင်တယ်လို့ ရိုက်တာသတင်းက ရေးထားပါတယ်။
1 year Ago
Up