ကာကွယ်ဆေးတိုက်ကျွေး

December 22, 2018

ကလေးများကို ကာကွယ်ဆေးတိုက်ကျွေးသည့် အောင်လအန်ဆန်း (ဓာတ်ပုံ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က ကလေးတွေကို ကာကွယ်ဆေးတိုက်ကျွေးရာမှာ အောင်လအန်ဆန်းလည်း ပါဝင် ကူညီတိုက်ကျွေးခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ကူညီတိုက်ကျွေးနေတာကို ကျန်းမာရေးဝန်ကြီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းက ဒီဇင်ဘာ ၁၉ ရက်နေ့က ဖော်ပြထားတာပါ။ "ကျနော်တို့ချစ်ရတဲ့ ကလေးတွေအတွက် ကာကွယ်ဆေးကို တကြိမ်လေးမှ မလွတ်စေရဘဲ အပြည့်အဝ ထိုးနှံတိုက်ကျွေးပေးပါ။ ရောဂါဆိုးတွေကို ကာကွယ်ဆေးနဲ့ အလဲထိုး အနိုင်ယူကြစို့" လို့ အောင်လအန်ဆန်းက ပြောတယ်လို့လည်း ဖော်ပြထားပါတယ်။
2 years Ago
Up