ကလေး PDF

November 19, 2021

စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ကလေး PDF ရဲဘော် ၃ ဦး ရုပ်အလောင်း တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့  PDF ရဲဘော်အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၁၈ ရက်နေ့ ပြန်လည်ရရှိခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန် ပါတယ်။

ကလေးမြို့နယ်အနောက်တောင်ပိုင်းမှာ  တပ်ဖွဲ့ဝင်ဦးရေ ၂၀ ကျော် စခန်းချနေထိုင်တဲ့ PDF (Kalay) တပ်ရင်း ၃ အောက်က တပ်ခွဲတစ်ခုရဲ့ စခန်းတစ်ခုကို နိုဝင်ဘာ ၁၆ ရက် မနက် ၈ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က  လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး  ဝင်ရောက်စီးနင်း သိမ်းပိုက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

သိမ်းပိုက်ခံခဲ့ရတဲ့ တပ်ခွဲငယ်စခန်းကို PDF (Kalay) က မနေ့ညနေပိုင်း သွားရောက်ရှင်းလင်းရာမှာ စစ်ကောင်စီတပ်ဖွဲ့က ညှဉ်းပန်းသတ်ဖြတ်ထားတဲ့ ရဲဘော် ၃ ဦး အလောင်းကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဒီလို စီးနင်းသိမ်းပိုက်ခံရတဲ့အတွက် စခန်းရှိ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း တပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးသွားခဲ့ပြီး အဖမ်းဆီးခံရသူအများစုဟာ တပ်ရင်း ၃ Medical Team ဆေးတပ် အဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၈ ရက် မနက် ၁၀ နာရီမှ ၁၂  နာရီအထိ နဂါးပွက်ရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းမှာတော့  PDF (Kalay) တပ်ဖွဲဝင်တွေအနေနဲ့ ဖမ်းဆီးခံဆေးတပ်ဖွဲဝင်တွေအပေါ် ထိခိုက်နိုင်တဲ့ အခြေအနေကြောင့် တပ်ဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

1 week Ago

September 26, 2021

ကလေးမြို့နယ်၌ စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ်သား ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ  အရပ်သုံးယာဉ်တွေနဲ့ သွားလာနေတဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင် တွေရဲ့ ယာဉ်တန်းကို စက်တင်ဘာ ၂၅ ရက်‌နေ့က မိုင်းဆွဲတိုက်ခဲ့ကြောင်း ကလေး PDF က သတင်းထုတ်ပြန်ပါတယ်။ 

မနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှာ  အရပ်သုံးယာဉ် ဆိုင်ကယ် ၅ စီး၊ ကုန်တင်ကား ၄ စီး အသုံးပြုပြီး တောင်ပိုင်းမှ ကလေးမြို့ဘက်သို့ ဦးတည်မောင်းနှင်လာ‌တဲ့ စစ်ကောင်စီ ယာဉ်တန်းကို  ချင်းဆိုင်ရွာအနီး ရထားသံလမ်းခုံးကျော်မှာ  ကလေး PDF တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဆိုင်ကယ် ၃ စီးနဲ့ ကား ၁ စီး ထိမှန်ပျက်စီးခဲ့ပြီး  ဆိုင်ကယ်မောင်းလာတဲ့ စစ်သား ၃ ဦးနဲ့ ကုန်တင်ကားပေါ်က  စစ်သား ၅ ဦး စုစုပေါင်း ၈ ဦး သေဆုံးသွားတယ်လို့လည်း ကလေးPDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေက ချင်းဆိုင်ရွာဘက်ကို ကြောက်လန့်တကြား ရမ်းသန်းပစ်ခတ်ခဲ့သလို  မိုင်းထိမှန်တဲ့ကားတွေကို ချန်ရစ်ပြီး ကျန်ယာဉ်ပေါ်ကို အလောင်းတွေ တင်ကာ ကလေးမြို့တွင်းသို့ အမြန်ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

2 months Ago
More News
Up