ကလေး ၅ ဦး

September 4, 2020

ဂျာမနီတွင်  မိခင်က ကလေး ၅ ဦးအား သတ်ဖြတ်

ဂျာမနီနိုင်ငံမှာ စက်တင်ဘာ ၃ ရက်က  မိခင်ဖြစ်သူက  သူရဲ့ကလေး ၅ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။   ဇိုလင်ဂန်မြို့က တိုက်ခန်းတခုအတွင်းမှာ ကလေး ၅  ယောက်ရဲ့ ရုပ်အလောင်းတွေကို  တွေ့ရှိတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။   သေဆုံးခဲ့တဲ့ ကလေးငယ်တွေဟာ အသက်  ၁ နှစ်၊ ၂ နှစ်၊ ၃ နှစ်၊  ၆ နှစ်နဲ့  ၈ နှစ်တို့ဖြစ်ပြီး  ကလေးတွေရဲ့အဘွားက ရဲကို  အကြောင်းကြားခဲ့တာပါ။    အဘွားဖြစ်သူက အသက် ၂၇ နှစ်အရွယ် သူ့သမီးဟာ ကလေး ၅  ယောက်ကို သတ်ပြီး  နောက်ကလေးတဦးကို ခေါ်ကာ အိမ်က ထွက်သွားတယ်လို့ ရဲကို ပြောဆိုခဲ့ပါတယ်။   အဲဒီနောက် မိခင်ဟာ  ဒူ့ဆီဒေါ့မြို့က ရထားတစီးရှေ့ကို  ခုန်ချခဲ့ပေမယ့် အသက်မသေဘဲ  ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့  ရဲတပ်ဖွဲ့က  ပြောပါတယ်။   အဲဒီနောက် ၁၁ နှစ်အရွယ် နောက်ကလေးတဦးကိုတော့ အဘွားဖြစ်သူအိမ်မှာ  အနာတရ မရှိ တွေ့ခဲ့တယ်လို့ ဂျာမန်မီဒီယာတခုက ဖော်ပြပါတယ်။ 
10 months Ago
Up