ကလေးမြို့

May 1, 2021

ကလေးမြို့တွင် သူနာပြုဆရာမနှင့်ကျောင်းဆရာမတို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ကလေးမြို့က သူနာပြုနဲ့ သားဖွားသင်တန်းကျောင်း နည်းပြဆရာမနဲ့ ကျောင်းဆရာမတို့ မေ ၁ ရက် မနက်က ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူနာပြုဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်ကို  သူနေထိုင်ရာ အောင်သစ္စာရပ်ကွက် အိမ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေက ဒီမနက်  လာဖမ်းသွားတယ်လို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။

“ဆရာမကြီးကို ဘာအတွက် ဖမ်းတာလဲ မသိဘူး။ ဆရာမကြီး ညီမ ကျောင်းဆရာမကတော့ CDM လုပ်လို့ တခါတည်း ဖမ်းသွားတာ” လို့ ကလေးဒေသခံက ဆိုပါတယ်။

Photo crd

1 week Ago

April 30, 2021

ကလေးမြို့ အရုဏ်ဦးသပိတ် ဖြိုခွင်းခံရ

စစ်ကိုင်းတိုင်း ကလေးမြို့ ပြည်သူတွေဟာ ဧပြီ ၃၀ ရက်နေ့ မနက်အစောပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ် ပြုလုပ်ခဲ့ပါတယ်။

“အခု ကျနော်တို့ အရုဏ်ဦးသပိတ် ပြုလုပ်နေချိန်မှာ အကြမ်းဖက်စစ်တပ်က လာရောက်ဖြိုခွင်းခဲ့လို့ သပိတ်ကို လူစုခွဲနိုင်ခဲ့လို့ လူတွေက ဖမ်းဆီးခံရတာတွေမရှိဘူး” လို့ ဆန္ဒပြ ပါဝင်သူတစ်ဦးက ပြောပါတယ်။

2 weeks Ago
More News
Up