ကလေးမျာ

October 10, 2020

အကူညီလိုနေသည့် ကလေးများအတွက် ဆက်လက်တိုက်ပွဲဝင်မည်ဟု ရက်ဖို့ဒ်ပြော

အကူအညီလိုအပ်နေတဲ့ ကလေးတွေကို ထောက်ပံ့ပေးဖို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်က အခိုင်အမာပြောဆိုခဲ့ပါတယ်။  ဂုဏ်ထူးဆောင် MBE ဘွဲ့ချီးမြှင့်ခံရတော့မယ်လို့ သတင်းထွက်ပေါ်လာပြီးနောက်မှာ အခုလိုပြောဆိုခဲ့တာပါ။  ၂၀၂၀ ပြည့်နှစ် ဗြိတိန်ဘုရင်မကြီး မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုစာရင်း ဇွန်လက ထုတ်ပြန်ဖို့ စီစဉ်ခဲ့ပေမယ့် ဗိုင်းရပ်စ်အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။  အသက် ၂၂ နှစ်အရွယ် ရက်ဖို့ဒ်ဟာ ထင်ရှားတဲ့ ကမ်ပိန်းတခုကို ဦးဆောင်ပြုလုပ်ခဲ့ပြီး ဒီရလဒ်ကြောင့် ကျောင်းပိတ်ထားစဉ်ကာလတွင်း အကူအညီလိုအပ်နေတဲ့ ကလေးတွေဟာ အစိုးရကနေ အခမဲ့ပေးတဲ့ အစားအစာထောက်ပံ့မှုကို ရရှိခဲ့ပါတယ်။  အင်္ဂလန်တိုက်စစ်မှူးဟာ ဗြိတိန်ရဲ့အကြီးမားဆုံး စူပါမားကတ်တွေ၊ အစားသောက်လုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ကလေးသူငယ် အစားအစာထောက်ပံ့ရေးလုပ်ငန်းစဉ်ကိုလည်း ချမှတ်ဆောင်ရွက်နေပါတယ်။ မားကပ်စ်ရက်ဖို့ဒ်က “ကျနော်အရမ်းကို ဂုဏ်ယူမိပါတယ်။ လူမည်းလူငယ်တစ်ယောက်အနေနဲ့ ဒီလိုမျိုး ဂုဏ်ပြုမှုကိုရရှိဖို့ မတွေးခဲ့မိပါဘူး။ အသက် ၂၂ နှစ်အရွယ်မှာ ရရှိဖို့ဆိုတာလဲ ဘယ်လိုမှ မစဉ်းစားခဲ့မိပါဘူး။ ဒီအခိုက်အတန့်ဟာ ကျနော်နဲ့ ကျနော့်မိသားစုအတွက် အရမ်းကိုထူးခြားလွန်းပါတယ်။ အဓိကကတော့ ကျနော့်အမေက ဒီဂုဏ်ပြုမှုနဲ့ပိုပြီး ထိုက်တန်ပါတယ်။ အကူအညီလိုအပ်နေတဲ့ ကလေးတွေကို ကာကွယ်ပေးဖို့ တိုက်ပွဲက အောင်မြင်ဖို့ အလှမ်းဝေးနေတုန်းပါပဲ။ ကျနော်တို့ရဲ့ လက်ရှိလုပ်ငန်းစဉ်က မကြာခင်ကုန်ဆုံးတော့မှာဖြစ်ပြီး အောက်တိုဘာလမှာလည်း ကလေးတွေအတွက် ဆက်လက်ထောက်ပံ့သွားဖို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို လေးလေးစားစားနဲ့ တောင်းဆိုသွားပါမယ်” လို့ ပြောပါတယ်။ ဗြိတိန်မှာရှိတဲ့ ဘယ်ကလေးကမှ ဆာလောင်မှုတွေနဲ့ အိပ်ရာမဝင်သင့်ဘူးဆိုတဲ့ အယူအဆကို ဆက်လက်ဆုပ်ကိုင်ပြီး တိုက်ပွဲဝင်သွားဖို့နဲ့ စားဖို့အစားအစာ မရှိတာဟာ ကလေးတွေရဲ့အပြစ်မဟုတ်ဘူးလို့လည်း  ရက်ဖို့ဒ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။
7 months Ago

May 15, 2020

စင်ကာပူတွင် အလုပ်လုပ်နေသည့် မလေးရှားမိခင် ၂၀၀ ခန့် ကလေးများအတွက် အေးခဲနို့ ပြန်ပို့

နှစ်နိုင်ငံနယ်စပ်တွေ ပိတ်ထားတဲ့အတွက် စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မလေးရှား မိခင်တွေဟာ  သူတို့ ရင်သွေးငယ်တွေအတွက် နို့ကို အေးခဲအောင်လုပ်ပြီး အိမ်ကို ပြန်ပို့နေရ တယ်လို့ ရိုက်တာသတင်းက မေ ၁၅ ရက်မှာ ရေးပါတယ်။  မလေးရှားနိုင်ငံသား ငါးသိန်းလောက်ဟာ စင်ကာပူမှာ နေထိုင်နေပြီး မလေးမိခင်  ရာပေါင်းများစွာ ရှိနေတာပါ။  ဒါ့ကြောင့် စင်ကာပူရောက် မလေးမိခင် ၂၀၀ လောက်ဟာ ဂျိုဟိုပြည်နယ်ထဲက သူတို့ ကလေးတွေအတွက် မိခင်နို့ ရည်တွေကို အအေးခံစုစည်းပြီး  ပို့ပေးနေရပါတယ်။  ဒီလို တင်ပို့ပေးမှု လေးကြိမ်မှာ မိခင်နို့ရည် ကီလို ခုနှစ်ထောင်လောက်ရှိပြီလို့ ဂျိုဟို ပြည်နယ်လွှတ်တော်အမတ်တဦးကလည်း ပြောပါတယ်။  စင်ကာပူဟာ အာရှမှာ ကိုဗစ်နိုင်တင်းကူးစက်မှုနှုန်း အမြင့်ဆုံးတနိုင်ငံဖြစ်ပြီး အတည်ပြု လူနာ ၂၆၀၀၀ ကျော်ရှိထားပါတယ်။  မလေးရှားကတော့ အတည်ပြုလူနာဦးရေ ၆၈၀၀ ဝန်းကျင်ပဲ ရှိတယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။  
12 months Ago
Up