ကလေးငယ်

November 20, 2020

ဒဂုံဆိပ်ကမ်းမြို့နယ်၌ ကလေးငယ်များအား ညှဉ်းပန်းနှိပ်စက် ခိုင်းစေသည့် တရုတ်လုပ်ငန်းရှင် ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၈၇) ရပ်ကွက်မှာ ကလေးငယ်တွေကို လှောင်ပိတ်ထားပြီး ညှဉ်းပန်းနှိပ်စက် အလုပ်ခိုင်းစေတဲ့ တရုတ်လုပ်ငန်းရှင်ကို   နိုဝင်ဘာ ၂၀ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့  ရပ်ကွက်နေ မျက်မြင်သက်သေတစ်ယောက်က  ပြောပါတယ်။ ပေါက်စီနဲ့ ပေါင်မုန့်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်လုပ်ငန်းရှင်တွေဟာ ကလေးငယ်တွေကို ငှားရမ်း အလုပ်ခိုင်းစေတာဖြစ်ပြီး  ကလေးငယ်တွေထဲမှာ အသက် ၁၈ နှစ်အရွယ်က အကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးငယ် ၁၈ ယောက်ကိုတော့ မနေ့ညက ရဲတပ်ဖွဲ့ကခေါ်သွားကာ ဒီမနက်မှာတော့ တရုတ်လုပ်ငန်းရှင် ၇ ယောက်လောက်ကို ရဲတပ်ဖွဲ့က  ဖမ်းဆီးသွားတာလို့ ရပ်ကွက်နေ မျက်မြင်သက်သေက ဒီဗွီဘီကို ပြောပါတယ်။ မနေ့က ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ယောကျ်ားလေးတစ်ဦးကထွက်ပြေးလာပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်ကို အကူအညီတောင်းတဲ့အတွက် ရဲစခန်း၊ လဝက၊ စည်ပင်စတဲ့ သက်ဆိုင်ရာဌာနအသီးသီးကို အကြောင်းကြားခဲ့တယ်လို့  ဦးမြစိန်ကပြောပါတယ်။ ထွက်ပြေးလာတဲ့ယောကျ်ားလေးက သူ့ရဲ့ညီမဖြစ်သူကို ခေါ်ထုတ်ချင်ပေမယ့်  ပေးမထွက်ခိုင်းတဲ့ အတွက် ရပ်ကွက်နေ ပြည်သူ ၁၀၀ ကျော်လောက်က လူစုလူဝေးနဲ့ ရောက်လာခဲ့တယ်လို့လည်း  ဦးမြစိန်က ဆက်ပြောပါတယ်။ အဆိုပါအဆောက်အအုံမှာ လုပ်ငန်းလိုင်စင်ရှိမရှိနဲ့တခြားကိစ္စတွေ မေးမြန်းဖို့ ဒီနေ့မနက် ၁၀ နာရီလောက်က စည်ပင်သာယာရေးကော်မတီ ဖိတ်ခေါ်ထားပေမဲ့ တရုတ်လုပ်ငန်းရှင်တွေ ရောက်မလာခဲ့ဖူးလို့ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်(၁) ဦးကျော်သူအောင်က ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အသေးစိတ်ပိုမိုသိရဖို့နဲ့ ကလေးငယ်တွေကို အလုပ်ခိုင်းစေတဲ့ တရုတ်လုပ်ငန်းရှင်တွေကို ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာသိရဖို့ ရဲတပ်ဖွဲ့ကို ဒီဗွီဘီက  ဆက်လက်စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။ သတင်း- အိသဇင်ခိုင်
8 months Ago

August 25, 2020

ထိုင်းနိုင်ငံတွင် အဝတ်လျှော်စက်ထဲ ဝင်ဆော့သည့် ကလေးငယ်အား ခဲယဉ်းစွာ ထုတ်ယူ

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကလေးငယ်တစ်ဦး အဝတ်လျှော်စက်ထဲ ဝင်ဆော့ပြီး ပြန်ထွက်လို့မရတော့လို့ ကယ်ဆယ်ရေးအဖွဲ့တွေခေါ်ပြီး ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရပါတယ်။  နုန်းဆွန်မြို့နယ်က အိမ်ရှင်မတစ်ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်နေ့က အဝတ်လျှော်နေစဉ် ၅ နှစ်ရွယ်သားငယ်လေးကလည်း အနီးက ဇလုံထဲမှာ ရေဆော့နေကြောင်း၊ အဝတ်လျှော်ပြီးလို့ မိခင်က အဝတ်သွားလှန်းနေစဉ် ကလေးအော်ငိုသံကြားလို့ လာကြည့်တော့ သားဖြစ်သူက အဝတ်လျှော်စက် အခြောက်ခံပေါက်ထဲ ရောက်နေတာလို့ သတင်းထောက်တွေကို ပြောပါတယ်။  ကလေးရဲ့ ပေါင်ဟာ အခြောက်ခံပုံးထဲမှာ ညှပ်ပိတ်နေပြီး မိသားစုဝင်တွေက ၂ နာရီကြာ အမျိုးမျိုးကြိုးစားဆွဲထုတ်ပေမယ့် မရတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို ဖုံးဆက်ခေါ်လိုက်ရပါ တယ်။  ကယ်ဆယ်ရေးတွေလည်း အတန်ကြာဆွဲထုတ်လို့မရတဲ့အဆုံး အဆိုပါအဝတ်လျှော်စက်ကို တစ်စစီဖြုတ်ထုတ်ပြီး အခြောက်ခံပုံးကို လျှပ်စစ်လွှနဲ့ဖြတ်လိုက်မှဘဲ ကလေးကို ဆွဲထုတ်လို့ရသွားပါတော့တယ်။  မိခင်က အဝတ်လျှော်စက် မီးပလပ်ဖြုတ်ထားလို့သာ တော်သေးကြောင်း၊ မဟုတ်ရင်တော့ အဝတ်လျှော်စက်မွှေပြီး ကလေးအသက်ပါ ဆုံးရှုံးနိုင်တယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။  အိမ်မှာ ကလေးငယ်တွေရှိရင် သတိထားရအောင်လို့ ဗွီဒီယိုပါ တွဲတင်ပေးလိုက်ပါတယ်။
11 months Ago
More News
Up