ကယ်လီဖိုးနီးယား

October 12, 2021

ကယ်လီဖိုးနီးယားတွင် စာသင်ကျောင်းအနီး လေယာဉ်ငယ်ပျက်ကျ၊ အိမ် ၂ လုံး မီးလောင်ပျက်စီး

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ စန်တီယေဂိုမြို့က အထက်တန်းကျောင်းဝင်း အနားကို လေယာဉ်ငယ်တစီး အောက်တိုဘာ ၁၁ ရက်က ပျက်ကျခဲ့တာကြောင့် အိမ် ၂ လုံး မီးလောင်ပျက်စီးပြီး လူ ၂ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ အရာရှိတွေနဲ့ ဒေသခံမီဒီယာတွေက ပြောပါတယ်။ 

လေယာဉ်ပျက်ကျတဲ့ နေရာနားက စန်တာနာ အထက်တန်းကျောင်းက ကျောင်းသူ ကျောင်းသားတွေ ဘေးကင်းတယ်လို့ CBS47 မီဒီယာက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။

လေယာဉ်ပျက်ကျထားလို့ လမ်းတချို့ကို ပိတ်ထားတယ်။ လေယာဉ်ပျက်ကျတဲ့ကိစ္စကို ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးဌာနနဲ့ အမျိုးသားသယ်ယူပို့ဆောင်မှု ဘေးကင်းရေး ဘုတ်အဖွဲ့တို့က ကိုင်တွယ် စစ်ဆေးနေတယ်လို့ စန်ဒီယေဂို မြို့နယ် ရဲဌာနက  ပြောပါတယ်။

2 weeks Ago

July 25, 2021

ကယ်လီဖိုးနီးယားတွင် တောမီးကယ်ဆယ်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ပလူမာနယ်မြေမှာ Fly Fire လို့ ခေါ်ဆိုတဲ့ တောမီးကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပြီး ဇူလိုင် ၂၂ နဲ့ ၂၃ ရက်တွေမှာ ခပ်မြန်မြန် တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။

 သောကြာနေ့မနက်မှာ တောမီးက ဧကပေါင်း ၁၆၀၀ အထိ အင်အားကောင်း လောင်ကျွမ်းခဲ့တယ်လို့ NBC သတင်းမှာ ဖော်ပြပါတယ်။ 

လက်ရှိ ကယ်လီဖိုးနီးယားမှာ အကြီးမားဆုံးမီးတောက်ဖြစ်တဲ့ Dixie Fire က ခြိမ်းခြောက်နေတဲ့ နေရာတခုမှာ မီးက လောင်ကျွမ်းနေတာပါ။ 

ဒေသခံတွေကို သတိပေးချက်မြှင့်ထားတဲ့ ကွင်းစီမြို့ကနေ လိမ္မော်ရောင် မီးတောက်တွေကို တွေ့မြင်နေရပါတယ် 

မြို့ရဲ့မြောက်ဘက်နဲ့ အနောက်ဘက်ဒေသတွေဆီ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အမိန့်ပေး ထားကြောင်း NBC က ကြေညာပါတယ်။ 

၂၀၂၀ ခုနှစ်ကလည်း ကယ်လီဖိုးနီးယားဟာ ဧကနဲ့ချီ လောင်ကျွမ်းခံခဲ့ရတဲ့ ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံး တောမီးလောင်မှုကို ကြုံခဲ့ရတာပါ။ 

မေလတုန်းက ကယ်လီဖိုးနီးယားအာဏာပိုင်တွေဟာ ဒီနှစ်မှာ ပြည်နယ်တလွှားက တောမီးလောင်မှု အကြိမ် ၁၀၀၀ ကျော်  မနှစ်က ဒီအချိန်မှာ ကြုံရတဲ့ ပေါက်ကွဲခဲ့တာတွေထက် မှတ်တမ်းယူထားပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ မိုးခေါင်ခြင်းနဲ့ အပူချိန်မြင့်မားခြင်းတို့ကြောင့် အခုနှစ်မှာ တောမီးလောင်ကျွမ်းမှု စံချိန်တင်မြင့်တက်နိုင်မှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ ပြီးခဲ့တဲ့လက ပြောထားပါတယ်။

3 months Ago
More News
Up