ကယ်လီဖိုးနီးယား

July 29, 2019

နယူးယောက်နှ်င့် ကယ်လီဖိုးနီးယားပြည်နယ် ပစ်ခတ်မှုအတွင်း သေဆုံးသူ ၅ ဦးအထိရှိ

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နဲ့ ကာလီဖိုးနီးယား ပြည်နယ်တွေအတွင်း ဇူလိုင် ၂၈ ရက် တရက်တည်းမှာတင် ပစ်ခတ်မှုတွေကြောင့် လူသေဆုံး ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နယူးယောက်ပြည်နယ် နယူးယောက်မြို့ ကလေးကစားကွင်းနားမှာ ညဥ့်နက်ချိန် ပစ်ခတ်မှုကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ၁၂ယောက် ဒဏ်ရာရတယ်၊ ၆ ယောက်ကို ဆေးရုံတင်ထားရပြီး တချို့က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ အမေရိကန် သတင်းဌာန အတော်များများက ဖော်ပြကြပါတယ်။ ဘရွတ်ကလင်းနယ်မြေ ဘရောင်းစ်ဗယ်လီ ရပ်ကွက်မှာ နှစ်စဉ်ကျင်းပနေကျ "Oldtimers Day Celebration" မိတ်ဆုံစားပွဲ ကျင်းပတဲ့ နေရာမှာ ပစ်ခတ်ခဲ့တာလို့ NBC သတင်းဌာနက ကြေညာပါတယ်။ ကာလီဖိုးနီးယားပြည်နယ် စန်ဟိုဆေးမြို့ တောင်ဘက်က ၃ ရက်ကြာ ကျင်းပတဲ့ အစားအသောက်ပွဲတော်တခုမှာ ပစ်ခတ်မှုကြောင့် သေနတ်သမားလို့ သံသယရှိသူ အပါအဝင် လူ ၄ ယောက် သေဆုံးတယ်၊ ၁၅ ယောက် ဒဏ်ရာရတယ်လို့ ပြည်နယ်ရဲချုပ် စကော့စမစ်တီက ပြောပါတယ်။ ပစ်ခတ်နေချိန်မှာ လူတွေ အကာအကွယ်ရဖို့ ပြေးလွှားနေတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက် အင်တာနက်ပေါ် ရောက်လာပါတယ်။ ဂီလ်ရွိုင် ကြက်သွန်ဖြူပွဲတော်မှာ ပစ်ခတ်မှုအပြီး လူ ၁၁ ယောက် ကျည်ထိမှန်ခဲ့တယ်လို့ လူနာတင်ယာဉ် ဝန်ထမ်းတွေကို ကိုးကားပြီး NBC သတင်းဌာနက အစောပိုင်းမှာ ပြောပါတယ်။ ဒီပွဲတော်မှာ အစားအသောက်တွေအပြင် တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အချက်အပြုတ် ပြိုင်ပွဲတွေလည်း ပါပါတယ်။ လုပ်အားပေးတွေက တည်ခင်းတဲ့ဒီပွဲဟာ ကမ္ဘာ့အကြီးဆုံး နွေရာသီ အစားအသောက် ပွဲတော်လို့ သူတို့ကိုယ်သူတို့ ရည်ညွှန်း ဖော်ပြပါတယ်။ ခရစ်စမတ်ဟီးလ် ပန်းခြံထဲမှာ ကျင်းပတဲ့ ဒီပွဲတော်ကို ဘယ်လိုလက်နက်မျိုးမှ ယူလာလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်လို့ ပွဲတော်ရဲ့ အင်တာနက် စာမျက်နှာက ဖော်ပြထားပါတယ်။
2 years Ago

နယူးယောက်နှင့် ကယ်လီဖိုးနီးယားတွင် ပစ်ခတ်မှုများဖြစ်၊ ၁ ဦးထက်မနည်း သေဆုံး

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေအတွင်း ဇူလိုင် ၂၈ ရက်က ပစ်ခတ်မှုတွေကြောင့် လူသေဆုံး ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နယူးယောက်ပြည်နယ် နယူးယောက်မြို့ ကလေးကစားကွင်းနားမှာ ညဥ့်နက်ချိန် ပစ်ခတ်မှုကြောင့် လူတယောက်ထက်မနည်း သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရတယ်လို့ အမေရိကန် မီဒီယာ အတော်များများက တနင်္ဂနွေမနက်မှာ ထုတ်ပြန်ပါတယ်။ လူ ၆ ယောက်ကို ဆေးရုံတင်ထားရပြီး တချို့က အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ သတင်းဌာနတွေက ဖော်ပြကြပါတယ်။ ဘရွတ်ကလင်းနယ်မြေ ဘရောင်းစ်ဗယ်လီရပ်ကွက်မှာ နှစ်စဉ်ကျင်းပနေကျ "Oldtimers Day Celebration" မိတ်ဆုံစားပွဲ ကျင်းပတဲ့နေရာမှာ ပစ်ခတ်ခဲ့တာလို့ NBC သတင်းဌာနက ကြေညာပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် စန်ဟိုဆေးမြို့ တောင်ဘက်က ၃ ရက်ကြာကျင်းပတဲ့ အစားအသောက် ပွဲတော်တခုမှာ ပစ်ခတ်မှုကြောင့် ရဲတွေနဲ့ လူနာတင်ယာဉ်တွေ ရောက်လာပြီး ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပါတယ်။ ပစ်ခတ်နေချိန်မှာ လူတွေ အကာအကွယ်ရဖို့ ပြေးလွှားနေတဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့နေပါတယ်။ သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ ဂီလ်ရွိုင် ကြက်သွန်ဖြူပွဲတော်မှာ ပစ်ခတ်မှုအပြီး လူ ၁၁ ယောက် ကျည်ထိမှန်ခဲ့တယ်လို့ လူနာတင်ယာဉ် ဝန်ထမ်းတွေကို ကိုးကားပြီး NBC သတင်းဌာနက ပြောပါတယ်။ ဒီပွဲတော်မှာ အစားအသောက်တွေအပြင် တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ အချက်အပြုတ် ပြိုင်ပွဲတွေလည်း ပါပါတယ်။ လုပ်အားပေးတွေက တည်ခင်းတဲ့ ဒီပွဲဟာ ကမ္ဘာ့အကြီးဆုံး နွေရာသီ အစားအသောက် ပွဲတော်လို့ သူတို့ကိုယ်သူတို့ ရည်ညွှန်း ဖော်ပြပါတယ်။ ခရစ်စမတ်ဟီးလ် ပန်းခြံထဲမှာ ကျင်းပတဲ့ ဒီပွဲတော်ကို ဘယ်လိုလက်နက်မျိုးမှ ယူလာလို့ မရအောင် တားမြစ်ပိတ်ပင်ထားတယ်လို့ ပွဲတော်ရဲ့ အင်တာနက်စာမျက်နှာက ဖော်ပြထားပါတယ်။
2 years Ago

July 5, 2019

ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် အင်အား ၆ ဒသမ ၄ ရှိ ငလျင်လှုပ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ ဇူလိုင် ၄ ရက်နေ့က ဆယ်စုနှစ် နှစ်ခုအတွင်း အားအပြင်းဆုံး ရစ်ခ်ျတာစကေး ၆ ဒသမ ၄ ရှိ မြေငလျင် လှုပ်ခဲ့ပါတယ်။ မြေငလျင်ဟာ လော့စ်အိန်ဂျလိစ်မြို့ အရှေ့မြောက်ဘက်က သဲကန္တာရမြို့ ရစ်ဂ်ျကရက်စ်မှာ နေ့လယ် ၁ နာရီခွဲအချိန် လှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ (USGS) က ပြောပါတယ်။ မြေငလျင်ကြောင့် မီးလောင်တာ၊ အဆောက်အဦ ပျက်စီးတာတွေ ဖြစ်ခဲ့ပေမယ့် သေဆုံးသူ မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ ငလျင်လှုပ်ပြီးနောက်မှာတော့ ရွှေ့ပြောင်းအိမ်တလုံး အောက်ခြေကနေ တိမ်းစောင်းခဲ့ပါတယ်။ ဥရောပမြေငလျင်အေဂျင်စီ (EMSC) က လူသန်း ၂၀ နေထိုင်တဲ့ နေရာမှာ  မြေငလျင်သက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။ ဒေသခံတဦးက မြေငလျင်လှုပ်ချိန် သူဟာ ဗစ်တာဗေးလ်မြို့က ရုံးမှာ အလုပ်လုပ်နေပြီး ငလျင်လှုပ်ချိန်မှာတော့ ဂိုဒေါင်တခုထဲ သူတို့ ဝင်နေခဲ့တယ်လို့ ပြောပါတယ်။ ဒီမြေငလျင်ဟာ ၁၉၉၄ ခုနှစ်က လှုပ်ခဲ့တဲ့ ပြင်းအား ၆ ဒသမ ၆ အဆင့် နော့သ်ရစ်ဂ်ျ မြေငလျင်နောက်ပိုင်း အားအပြင်းဆုံးဖြစ်တယ်လို့ USGS ဘူမိပညာရှင်က ပြောပါတယ်။ နော့သ်ရစ်ဂ်ျ မြေငလျင်ဟာ လူဦးရေထူထပ်တဲ့ လော့စ်အိန်ဂျလိစ်မြို့ ဧရိယာမှာ လှုပ်ခဲ့ပြီး ဒေါ်လာဘီလျံချီ ပျက်စီးခဲ့ပါတယ်။
2 years Ago
More News
Up