ကယားပြည်နယ်နေ့ အခမ်းအနား လွိုင်ကော်မြို့တွင် ကျင်းပ

January 10, 2019

ကယားပြည်နယ်နေ့ အခမ်းအနား လွိုင်ကော်မြို့တွင် ကျင်းပ

၆၇ နှစ်​​​မြောက်​ ကယားပြည်​နယ်​​နေ့အထိမ်းအမှတ်​ ဖွင့်ပွဲအခမ်းအနားကို လွိုင်​​ကော်​မြို့က ကယား​ဒေးကွင်းမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်​ခဲ့ပါတယ်​။ အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ကယားပြည်​နယ်​ဝန်​ကြီးချုပ်​က ဖဲကြိုးဖြတ်​ဖွင့်လှစ်​ခဲ့တာဖြစ်​ပြီး ပြည်​နယ်​လွှတ်​​တော်​ဥက္ကဋ္ဌ၊ လွှတ်​​တော်​ အမတ်​​တွေနဲ့ အစိုးရအဖွဲ့​တွေ တက်​​ရောက်​ခဲ့ပါတယ်​။ အခုပွဲတော်မှာ အစိုးရဌာနဆိုင်​ရာ၊ တိုင်းရင်းသားစာ​ပေနှင့် ယဉ်​​ကျေးမှုအဖွဲ့ လူမှုအသင်း အဖွဲ့​တွေနဲ့ စီးပွား​ရေး လုပ်​ငန်းရှင်​​တွေရဲ့ ပြခန်း​တွေလည်း ပြသထားပါတယ်​။ ဒါအပြင် အားကစားပြိုင်​ပွဲ၊ တိုင်းရင်းသားရိုးရာ အကပြိုင်​ပွဲတွေနဲ့ အခြားဖျော်ဖြေပွဲ တွေလည်း ထည့်သွင်းထားပါတယ်။ အဆိုပါ ကယားပြည်​နယ်​​နေ့အထိမ်းမှတ်​ပွဲ​တော်​ကို ဇန်​နဝါရီလ ၁၀ ရက်​​နေ့မှ ၁၈ ရက်​​နေ့ အထိ ကျင်းပပြုလုပ်​သွားမှာ ဖြစ်​ပါတယ်​။ အရင်က ကရင်​နီပြည်​နယ်​နေ့အဖြစ် ကျင်းပလာတာကနေ  ၁၉၅၂ ခုနှစ်​ ဇန်​နဝါရီလ ၁၅ ရက်​​နေ့မှာတော့ ကယားပြည်​နယ်​အဖြစ် ​ပြောင်းလဲ သတ်​မှတ်​​ခေါ်ဆိုခဲ့ရာကနေ ကယားပြည်​နယ်​​ နေ့အဖြစ်​ နှစ်​စဉ်​ကျင်းပခဲ့တာ ဖြစ်​ပါတယ်​။ ခွန်တူးတူးလေး
2 years Ago
Up