ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ဂျပန်ဘိုးသက်ရှည် ကွယ်လွန်

January 19, 2016

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသား ဂျပန်ဘိုးသက်ရှည် ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်နိုင်ငံသားအဖိုးအို ယာဆုတယိုကိုအိဒီဟာ ဂျပန်နိုင်ငံ၊ နာဂိုယာမြို့မှာ ဇန်န၀ါရီ ၁၉ ရက် မနက်အစောပိုင်းက ကွယ်လွန်သွားခဲ့ပြီလို့ ဒေသတွင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၁၁၂ နှစ် ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ်လကမှ ဂီးနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့က အသက်အကြီးဆုံး အမျိုးသားအဖြစ် သတ်မှတ်ခဲ့တာပါ။ ၁၉၀၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ယာဆုတယိုကိုအိဒီဟာ ရှင်သန်ခဲ့တဲ့ သက်တမ်းတလျှောက်လုံးမှာ ဆေးလိပ်သောက်သုံးတာ၊ အရက်သေစာ သောက်သုံးတာမျိုးတွေကို လုံးဝရှောင်ကြဉ်ကာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ယာဆုတယိုကိုအိဒီဟာ နမိုးနီးယားရောဂါနဲ့ ရုတ်တရက် နှလုံးခုန်ရပ်ပြီး သေဆုံးသွားခဲ့ကာ ခုချိန်မှာတော့ သူ့ရဲ့နောက် အသက်အရှည်ဆုံး အမျိုးသား ဘယ်သူဖြစ်မလဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိ ကမ္ဘာ့အသက်အကြီးဆုံး လူသားကတော့ အမေရိကန်နိုင်ငံသူ ဆူဇန်နာမူရှက်ဂျုံးစ် ဖြစ်ပြီး အသက် ၁၁၆ နှစ် ရှိနေပါပြီ။ သူမဟာ ပြီးခဲ့တဲ့နှစ်က အသက် ၁၁၇ နှစ်မှာ ကွယ်လွန်ခဲ့တဲ့ ဂျပန်နိုင်ငံသူ မီဆအို အိုကာဝါရဲ့နောက်မှာ အသက်အကြီးဆုံးလူသား ဖြစ်လာခဲ့တာပါ။ ဂီးနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းတွေအရ ဘ၀တလျှောက် သက်တမ်းအရှည်ဆုံး နေသွားနိုင်ခဲ့သူကတော့ ပြင်သစ်နိုင်ငံသူ ယဲန်းကယ်မန့်ဖြစ်ပြီး ၁၉၉၇ ခုနှစ်၊ သြဂုတ်လ သူကွယ်လွန်ချိန်မှာ အသက် ၁၂၂ နှစ်နဲ့ ၁၆၄ ရက်ရှိခဲ့ပြီလို့ ဆိုပါတယ်။
5 years Ago
Up