ကမ္ဘာ့ဖလားခြေစစ်ပွဲ ခရိုအေးရှား ၄-၁ ဂရိ (ရုပ်သံ)

November 10, 2017

ကမ္ဘာ့ဖလားခြေစစ်ပွဲ ခရိုအေးရှား ၄-၁ ဂရိ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဥရောပဇုန်က ရှုံးထွက် ပထမအကျော့ ပွဲစဉ်မှာ ခရိုအေးရှားက ဂရိကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ခရိုအေးရှားကပဲ အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ ဒီပွဲမှာ ခရိုအေးရှား နည်းပြသစ် ဒါလစ်အတွက် ဒုတိယမြောက် တာဝန်ယူရတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ ခရိုအေးရှားအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၃ မိနစ်မှာ မိုဒရစ်က ပင်နယ်တီကနေ သွင်းယူပါတယ်။ ဒုတိယဂိုးကို ၁၉ မိနစ်မှာ ကာလစ်နစ်က သွင်းယူပြီး ဂရိအတွက် ချေပဂိုးကို မိနစ် ၃၀ မှာ သွင်းယူပါတယ်။ ခရိုအေးရှားအတွက် တတိယဂိုးကို ၃၃ မိနစ်မှာ ပီရစ်ဆစ်က သွင်းယူပြီး အပိတ်ဂိုးကို ၄၉ မိနစ်မှာ ကရာမာရစ် သွင်းယူပါတယ်။ ခရိုအေးရှားက အိမ်ကွင်းမှာ ပထမအကျော့ပွဲစဉ်မှာ ၃ ဂိုးနဲ့ အသာစီးယူနိုင်တဲ့အတွက် ခြေစစ်ပွဲအောင်ဖို့ အလားအလာကောင်းသွားပါတယ်။ ဂရိအသင်းအနေနဲ့ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရမှ ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
4 years Ago
Up