ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကား

May 23, 2019

အီတလီတွင် ကမ္ဘာလှည့်ခရီးသည်ကားတစီး လမ်းအကာရံကိုတိုက်ပြီး ပြုတ်ကျ၊ ၁ ဦးသေဆုံး

အီတလီနိုင်ငံ ဖလောရန့်စ်နဲ့ ဆီနာမြို့ ၂ မြို့ကို ဆက်ထားတဲ့ အဝေးပြေးလမ်းမကြီး တခုပေါ် တက်စ်ကန်နီဒေသမှာ မေလ ၂၂ ရက်နေ့က ကမ္ဘာလှည့် ခရီးသည်တွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစီးဟာ လမ်းဘေးအကာအရံကို ဝင်တိုက်ပြီး အောက်ကို ပြုတ်ကျသွားပါတယ်။ အဲဒီဘတ်စ်ကား မတော်တဆမှုအတွင်း အမျိုးသမီးတယောက် သေဆုံးပြီး လူအယောက် ၃၀ ကျော်လည်း ဒဏ်ရာရသွားပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဘယ်နိုင်ငံသားလဲ ဆိုတာကိုတော့ အာဏာပိုင်တွေက ထုတ်ဖော်ပြောတာ မရှိသေးပါဘူး။ ဘတ်စ်ကားပေါ်မှာ ရုရှား၊ အာမေးနီးယား၊ မော်လ်ဒိုက်၊ ဂျော်ဂျီယာနဲ့ ယူကရိန်း စတဲ့နိုင်ငံတွေက ခရီးသည် အယောက် ၅၀ ပါတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ ဘတ်စ်ကားထဲက လူတွေကို ကယ်ထုတ်ဖို့နဲ့ အဲဒီကားကို ကားလမ်းပေါ် ပြန်ဆွဲတင်ဖို့ ကြိုးစားနေကြပါတယ်။
2 years Ago
Up