ကမ္ဘာ့အကောင်းဆုံးကစားသမား

December 19, 2022

ကမ္ဘာ့အကောင်းဆုံးကစားသမားဘယ်သူလဲဆိုတဲ့ ငြင်းခုန်မှု ပြီးဆုံးသွားပြီဟု ကာရေဂါသုံးသပ်

ကမ္ဘာ့အကောင်းဆုံးကစားသမားက ဘယ်သူလဲဆိုတဲ့ ငြင်းခုန်မှုတွေက ပြီးဆုံးသွားပြီလို့ အင်္ဂလန် ကစားသမားဟောင်းကာရေဂါက ပြောပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီက  ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဘယ်သူက အကောင်းဆုံးလဲဆိုတဲ့မေးခွန်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာမရှိတော့ကြောင်း ကရေဂါကပြောပါတယ်။

ကာရေဂါဟာ သမိုင်းတလျှောက်အကောင်းဆုံးကစားသမား ၅ ဦးကို တွစ်တာကန တဆင့်ရွေးချယ်ခဲ့ပြီး မက်ဆီကို နံပါတ် တစ်နေရာမှာထားခဲ့ပါတယ်။

အဲဒီနောက် မာရာဒိုနာ၊ ပီလီ၊ ရော်နယ်ဒိုကြီးနဲ့ ဇီဒန်းတို့ကို အစဉ်လိုက် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ခြေစွမ်းအပေါ် ရှဝိုင်းစတိုင်ဂါ၊ ဂယ်ရီလိုင်နီကာတို့ကချီးကျူးခဲ့ကြပြီး ဒက်ကလန်ရိုက်၊ အေဗရာဟမ်တို့ဟာလည်းဂုဏ်ပြုစကားဆိုခဲ့ပါတယ်။

2 months Ago

December 4, 2022

တိုက်စစ်မှူးရက်ရှ်ဖို့ဒ် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်ဟု မက်ဂွဲယားချီးကျူး

အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာနိုင်ကြောင်း အသင်း ဖော် မက်ဂွဲယားက ချီးကျူးသွားပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေပြီး သွင်းဂိုး ၃ ဂိုး သွင်းယူထားပြီးပါပြီ။

မားကပ်ရှ်ရက်ရှ်ဖို့ဒ်ဟာ ထူးချွန်ပြီး ပါရမီရှိတဲ့ကစားသမားဖြစ် တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လာနိုင်သလို ရက်ရှ်ဖို့ဒ် ကိုယ်တိုင်လည်း အဲဒီလို ဖြစ်လာဖို့ ကြိုးစားနေသူဖြစ်ကြောင်း မက်ဂွဲယားကချီးကျူးပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်ယူကလပ်အသင်းမှာတော့ အရင်ကလို ရက်ရှ်ဖို့ဒ် ပြန်မရခဲ့ပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းမှာတော့  အကောင်းဆုံးပုံစံပြန်ရနေပြီဖြစ်တယ်လို့ မက်ဂွဲယားက ပြောပါတယ်။

ဆက်လက်ပြီး ကမ္ဘာ့ဖလားမှာ ဂိုးသွင်းအများဆုံးဆုသာရခဲ့မယ်ဆိုရင် ရက်ရှ်ဖို့ဒ်ရဲ့ အိပ်မက်တွေ ဖြစ်လာတာဖြစ်ပြီး အဲဒီဆုရရှိစေချင်ကြောင်းလည်း မက်ဂွဲယားကပြောသွားပါတယ်။

2 months Ago
Up