ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး

June 13, 2021

ချက်နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး ပြုလုပ်

ချက်နိုင်ငံ၊ ပရာဟာမြို့မှာ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုကို ချက်နိုင်ငံ​ရောက် မြန်မာနိုင်ငံသားတွေ၊ မြန်မာအရေးတက်ကြွလှုပ်ရှားတဲ့ ချက်နိုင်ငံသားတွေနဲ့ ဇွန် ၁၂ ရက်​မှာ ပြုလုပ်ခဲ့​ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မြန်မာ​နွေဦး​တော်လှန်​ရေးလှုပ်ရှားမှုမှာ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် လုပ်ရပ်တွေ၊ မတရားဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ​စော်ကားတာတွေနဲ့ ပတ်သက်လို့  ကန့်ကွက်​ကြောင်း ​ပြောဆိုခဲ့​ပါတယ်။ 

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က က​လေးငယ်တွေ အပါအဝင်ပြည်သူတွေကို သတ်​ဖြတ်နေတာတွေကို ရပ်ဖို့၊ စစ်​ကောင်စီကို အသိအမှတ်မပြုဖို့နဲ့  NUG အစိုးကို အသိအမှတ်ပြု​ပေးဖို့ လည်း ​တောင်းဆိုခဲ့ကြပါတယ်။

3 months Ago

တိုကျိုတွင် ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲ ကျင်းပ

ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဇွန်လ ၂၂ ရက် ဒီကနေ့ ကျင်းပပါတယ်။ 

နိုင်ငံပေါင်း ၂၅ နိုင်ငံ၊ မြို့ပေါင်း ၄၈ မြို့မှာ နိုင်ငံတကာစုပေါင်းလှုပ်ရှားအဖြစ်  အကြမ်းဖက်စစ်ကောင်စီ ဆန့်ကျင်ရေး မြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲနဲ့ G7 နိုင်ငံတွေကို တောင်းဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲကြီးအဖြစ် ဇွန် ၁၂ ရက်နဲ့ ၁၃ ရက်ကို သတ်မှတ်ကျင်းပကြရာမှာ ဂျပန်နိုင်ငံမှာလည်း ဒီနေ့ ကျင်းပတာဖြစ်ပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူ ဒီမိုကရေစီသူရဲကောင်းတွေအတွက် ဆုတောင်းမေတ္တာပို့ခဲ့ပြီး ဂျပန်အထက်လွှတ်တော်အမတ် မီချိဟီရိုအီချီဟာရှီကလည်း တက်ရောက် အမှာစကားပြောသွားပါတယ်။

3 months Ago

နယ်သာလန်တွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုပြုလုပ်

နယ်သာလန်နိုင်ငံ၊ ဒန်းဟတ်မြို့မှာ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုကို ဇွန်လ ၁၂ ရက်​နေ့က ပြုလုပ်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မတရားဖမ်းဆီးခံရသူတွေကို ချက်ချင်းလွှတ်​ပေးဖို့၊ အမျိုးသားညီညွတ်​ရေးအစိုးရအား နယ်သာလန်နိုင်ငံက အသိအမှတ်ပြု​ပေးဖို့၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်ခံရတဲ့ အခြေအနေကို  ကမ္ဘာကသိဖို့ ပြုလုပ်ရတာလို့ ဒီလှုပ်ရှားမှုမှာပါဝင်သူတွေက ပြောပါတယ်။

ဒီလှုပ်ရှားမှုကို နယ်သာလန်ရောက် မြန်မာအသိုက်အဝန်းနဲ့ နယ်သာလန်ရောက် မြန်မာသားတိုင်းရင်းသားတွေ (MENC-NL) တို့  ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။

ဒါ့အပြင် နယ်သာလန်နိုင်ငံသားတွေလည်း  ပူးပေါင်းပါဝင်ခဲ့ကြပြီး ဘာသာပေါင်းစုံ ဆုတောင်းတာ၊ ကြွေးကြော်သံတွေ ကြွေးကြော်တာနဲ့ ကမ္ဘာမကြေဘူးသီချင်း သီဆိုတာတွေပြုလုပ်ကြပါတယ်။

3 months Ago
Up