ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေး

May 2, 2021

အတားအဆီးများကြားက သင်္ဃန်းကျွန်းလူငယ်များ ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့ ဆန္ဒပြ

ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့ အတားအဆီးတွေကြားက သင်္ဃန်းကျွန်းလူငယ်တွေ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ၊ ​ကျောင်းသား ပြည်သူ‌တွေ ပြန်လွှတ်ပေးရေး၊ နိုင်ငံအတွင်း ပြည်သူတွေအပေါ် ဖမ်းဆီးရိုက်နှက်တာတွေ ရပ်တန့်ပေးရေးအတွက် မေလ ၂ရက်နေ့ မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

သပိတ်စစ်ကြောင်း ထွက်ပြီး ၅ မိနစ်ကျော်လောက်မှာပဲ အကြမ်းဖက်စစ်တပ်က ဖြိုခွင်းတာတွေလုပ်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတတစ်ဦးက ပြောပါတယ်။

သင်္ဃန်းကျွန်း လူငယ်တွေအနေနဲ့ ဘယ်လိုအနေအထားရောက်ရောက် ဆန္ဒပြမှုတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

5 days Ago

မြစ်ကြီးနားမြို့ ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့သပိတ် ၂ ကြိမ်ဖြိုခွင်းခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ မေလ ၂ ရက်နေ့က  အထွေထွေ သပိတ်စစ်ကြောင်းကို စစ်အုပ်စုက  နှစ်ကြိမ် ဖြိုခွင်းခဲ့ပေမဲ့ ဒေသခံပြည်သူတွေက  ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ လာရောက်ဖြိုခွင်းမှုရှိခဲ့ပေမဲ့ ဖမ်းဆီးခံရသူတွေတော့ မရှိဘူးလို့ သိရပါတယ်။

Photo-CJ

5 days Ago

လက်ပံတောင်းတောင်ဒေသက ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးသပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်၊ ကြေးစင်တောင်အနီးကျေးရွာတွေ စုပေါင်းပြီး မေလ ၂ ရက်နေ့မနက်က ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေး သပိတ်ပြုလုပ်ခဲ့ပါတယ်။

5 days Ago
Up