ကဘူးလ်မြို့

December 29, 2021

ကဘူးလ်မြို့တွင် အမျိုးသမီးအခွင့်အရေးရရှိရေး တာလီဘန်အစိုးရကို ဆန္ဒပြတောင်းဆို

အာဖဂန်နစ္စတန် မြို့တော်ကဘူးလ်မှာ ဒီဇင်ဘာ ၂၈ ရက်က အမျိုးသမီး ၂၀ ကျော် တာလီဘန်အစိုးရသစ်အောက်မှာ သူတို့အခွင့်အရေးတွေ ရရှိရေးအတွက် စွန့်စွန့်စားစား ဆန္ဒပြ တောင်းဆိုကြပါတယ်။

လမ်းကြားတွေနဲ့ လှည့်လည်ပြီး “ကျောင်းတွေ ပိတ်ထားတာ အလိုမရှိ၊ အလုပ်အကိုင်၊ အစားအစာနဲ့ ပညာရေး လိုအပ်နေတယ်” လို့ ကြွေးကြော်ခဲ့ပါတယ်။ 

တာလီဘန်အစိုးရရဲ့ ကိုယ်ကျင့်တရား မြှင့်တင်ရေးနဲ့ မကောင်းမှုတားဆီးရေး ဝန်ကြီးဌာနက အမျိုးသမီးတွေအပေါ် တားမြစ်တဲ့ ဥပဒေသစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ 

အဲဒီမှာ အမျိုးသမီးတွေဟာ မိသားစုဝင်အမျိုးသားတဦး မပါဘဲ ၄၅ မိုင်ထက်ပိုပြီး ခရီးမသွားရ ဆိုတာလည်း ပါပါတယ်။ 

ဆန္ဒပြတဲ့ အမျိုးသမီးတဦးက “ယောက်ျားတယောက် မပါရင် ကားထဲကို အမျိုးသမီး မဝင်ရဘူး ပြောတယ်။ မုဆိုးမတွေ ဘယ်မှာ ယောကျ်ားရှိမလဲ။ ကားစီးဖို့ ယောက်ျား ဘယ်မှာ သွားရှာရမလဲ။ အမြီးအမောက် မတည့်တဲ့ ဥပဒေပါ။ ကျမတို့ လွန်ခဲ့တဲ့နှစ် ၂၀ က အမျိုးသမီးတွေ မဟုတ်တော့ဘူး၊ ပညာတတ်တွေပါ၊ တာလီဘန် အစိုးရအောက်မှာ အကြောက်လွန်ပြီး နှုတ်ဆိတ်မနေနိုင်ဘူး” လို့ ပြောပါတယ်။ 

၁၉၉၆-၂၀၀၁ တာလီဘန်အစိုးရ အုပ်ချုပ်တဲ့ ကာလတုန်းကဆိုရင် ဆွေမျိုးသားချင်းထဲက အမျိုးသားတယောက်  မပါဘဲ၊ အမျိုးသမီးတွေ အိမ်ပြင်ထွက်ခွင့်မရှိဘဲ မျက်နှာအုပ်ပြီး ထွက်ရပါတယ်။ အမျိုးသမီးတွေ ပညာသင်ယူမှုနဲ့ အလုပ်လုပ်ကိုင်မှုကို လုံးဝ ကန့်သတ်ခဲ့ပါတယ်။ 

အခု တာလီဘန်အစိုးရကတော့ သူတို့လက်ထက်မှာ အများကြီးပြောင်းလဲထားပြီး မိန်းကလေးတွေအတွက် ကျောင်းတွေ ပိုဖွင့်ပေးထားပြီလို့ ပြောပေမယ့် အမျိုးသမီးအတော်များများက တာလီဘန်အစိုးရအပေါ် အယုံအကြည် မရှိပါဘူး။

1 year Ago

December 1, 2021

ကဘူးလ်မြို့တွင် လမ်းဘေးဗုံးပေါက်ကွဲပြီး လူ ၅ ဦးထက်မနည်း ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော်ကဘူးလ်က လမ်းဘေးမှာ ထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲလို့ လူ ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ အာရီယာနာ ရုပ်သံနဲ့ မျက်မြင်သက်သေတွေက နိုဝင်ဘာ ၃၀ မှာ ပြောပါတယ်။

ဗုံးခွဲ တိုက်ခိုက်ရတဲ့ ပစ်မှတ်က တိုယိုတာ ဟိုင်းလပ်စ်ကားနဲ့ ဆင်တူတဲ့ နောက်ခန်းပွင့် ကားတစီး ဖြစ်ပုံရတယ်လို့ မျက်မြင်သက်သေတွေနဲ့ မီဒီယာက ဖော်ပြပေမဲ့ နောက်ထပ် အသေးစိတ် အချက်အလက်တွေနဲ့ တရားဝင် အတည်ပြုချက်တွေကိုတော့ မရသေးပါဘူး။

စီးပွားရေး အကျပ်အတည်း နက်ရှိုင်းလာနေတဲ့ နိုင်ငံကို ထိန်းချုပ်နေရလို့  တာလီဘန်အစိုးရမှာ  ဖိအားတွေ နဂိုတည်းက ရှိနေခဲ့ပါတယ်။တိုက်ခိုက်မှုတွေကြောင့် ဆယ်စုနှစ်ချီ စစ်ပွဲတွေအပြီးမှာ အာဖဂန် လုံခြုံရေး ပြန်ရနေပြီလို့ အခိုင်အမာ ပြောထားတဲ့ တာလီဘန် အစိုးရအပေါ် ဖိအားတွေ ပိုများလာခဲ့ပါတယ်။

1 year Ago
More News
Up