ကပ်ရောဂါ

January 21, 2021

ဆီးရီးယား-တူရကီနယ်စပ် ဒုက္ခသည်များ ကပ်ရောဂါနှင့် အအေးဒဏ်ခံစားနေရ 

ဆီးရီးယား-တူရကီနယ်စပ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့  လွန်ကဲတဲ့ အအေးဒဏ်ကြားမှာ အခက်တွေ့နေပါတယ်။  ဒုက္ခသည်တွေအဖို့ နောက်ထပ် ကြမ်းတမ်းလှတဲ့ ဆောင်းရာသီကို ရင်ဆိုင်ရဖို့ ရှိပြီး ကလေးငယ်တွေဟာ ရွက်ဖျက်တဲ ဝန်းကျင်က ရွှံ့ဗွက်ထနေတဲ့ လမ်းတွေပေါ်မှာ ဖိနပ်မပါဘဲ သွားလာနေပါတယ်။   "ရွက်ဖျင်တဲတွေက ရေ စိမ့်နေပြီး အစိုဓာတ်ကြောင့် ကလေးတွေအဖို့ အန္တရာယ်ရှိတယ်"လို့  ခါလစ်ဆိုတဲ့ ဒုက္ခသည်က ပြောပါတယ်။  ဒါ့အပြင် သူရဲ့ မိခင် ၊ အစ်ကို နဲ့ အစ်မတို့ဟာ ကိုဗစ်ကူးစက်ခံထားရပြီး  ရွက်ဖျင်တဲ တစ်ခုမှာ သီးခြားခွဲနေထိုင်တယ်လို့ သူက ပြောပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း မိုးကြီးရေလျှံလို့  ဒုက္ခသည်တွေနေတဲ့ တဲတွေ ပျက်စီးခဲ့ပြီး တချို့ ဒုက္ခသည်တွေက သူတို့ တဲထဲမှာ ဝင်ခိုခဲ့တယ်လို့ သူက ဆိုပါတယ်။  အေးလွန်းလှတဲ့ အခြေအနေကြောင့်  သူတို့ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမယ့် အန္တရာယ် များနေတယ်လို့ ခါလစ်က ပြောပြပါတယ်။  ဇန်နဝါရီ ၂၀ ရက်က အသစ်ကူးစက်သူ ၁၁  ယောက်နဲ့  စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ ၂၀,၀၀၀ ကျော် ၊ သေဆုံးသူ ၃၇၉ ယောက် ရှိတယ်လို့ ဆီးရီးယားမြောက်ပိုင်း ကြားဖြတ်အစိုးရက ထုတ်ပြန်ပါတယ်။ 
4 months Ago

December 31, 2020

ကပ်ရောဂါကို ညီညီညွတ်ညွတ်တိုက်ဖျက်ရန် ကုလအတွင်းရေးမှူးချုပ် နှစ်သစ်အမှာစကားပြော 

၂၀၂၀ ဟာ ကြေကွဲဖွယ်ရာတွေ၊ ငိုကြွေးစရာတွေ၊ ကာကွယ်ဆေးစမ်းသပ်တာတွေနဲ့ ကုန်ဆုံးခဲ့ပြီး လာမယ့် ၂၀၂၁ ကတော့  ကုစားပေးမယ့် နှစ်တစ်နှစ်ဖြစ်မယ် မျှော်လင့်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောပါတယ်။ ဒီဇင်ဘာ ၂၈ ရက်က ပေးပို့တဲ့   နှစ်သစ်ကူး သတင်းစကားမှာ ဂူတာရက်စ်က ကပ်ရောဂါလွှမ်းတဲ့ ၂၀၂၀ အခြေအနေတွေနဲ့ ကပ်ရောဂါ ယူဆောင်လာတဲ့ ဒုက္ခတွေနဲ့ သောကတွေကို ကမ္ဘာကြီးက  ညီညီညွတ်ညွတ်နဲ့ တိုက်ဖျက်သင့်တယ်လို့ ပြောပါတယ်။  "အတူတကွ အလုပ်လုပ်ကြရင် ကမ္ဘာတဝန်း မျှော်လင့်ခြင်းရောင်ခြည် သန်းလာနိုင်တယ်။ ဒါဟာ အခက်ခဲဆုံး နှစ်တစ်နှစ်ရဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ်အတည်း နှစ်ခုစလုံးကို စည်းလုံးညီညွတ်မှုနဲ့သာ ဖြေရှင်းနိုင်တယ်"လို့  နှစ်သစ်ကူးအမှာစကားမှာ ဂူတာရက်စ်က ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ 
4 months Ago
More News
Up