ကပ်ဘေ

November 5, 2020

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အင်ဒိုနီးရှားစီးပွားကျ

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် အင်ဒိုနီးရှားဟာ စီးပွားရေး ထိခိုက်နစ်နာတာတွေ ဆက်ဖြစ်နေ ပြီး  ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် စီးပွားရေး ကျဆင်းနေပါတယ်။  အရှေ့တောင်အာရှရဲ့ စီးပွားရေးအကြီးမားဆုံး အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့နှစ်ကာလတူနဲ့  နှိုင်းယှဉ်ရင် ဒီနှစ်ရဲ့ တတိယ ၃ လပတ်မှာ စီးပွားရေး တိုးတက်မှု ၃ ဒသမ ၄၉ ရာခိုင်နှုန်း ကျဆင်းခဲ့ ပါတယ်။  ဒုတိယ ၃ လပတ်မှာ စီးပွားရေး တိုးတက်မှု ၅ ဒသမ ၃၂ ရာခိုင်နှုန်းကျဆင်းပြီးနောက် အင်ဒိုနီးရှားဟာ စီးပွားရေးကျဆင်းမှုကို စတင်ကြုံတွေ့ရတာပါ။  ပြီးခဲ့တဲ့တစ်ခေါက် စီးပွားရေးကျဆင်းမှုဟာ ၁၉၉၈ အာရှဘဏ္ဍာရေးအကျပ်အတည်း ကာလ ကြုံတွေ့တုန်းက ဖြစ်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် စီးပွားရေး ကျဆင်းမှုကြောင့် အင်ဒိုနီးရှားမှာ လူပေါင်း  ၃ ဒသမ ၅ သန်း အလုပ်အကိုင်ဆုံးရှုံး နိုင်တယ်လို့  အာဏာပိုင်တွေက ကြိုတင်ခန့်မှန်းထားပါတယ်။  အင်ဒိုနီးရှားဟာ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်ပါတယ်။  နိုဝင်ဘာ ၄ ရက်အထိ  အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၄၂၅,၀၀၀ ကျော် ရှိပြီး သေဆုံးသူ ၁၄,၀၀၀ ကျော်ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက် ဖော်ပြချက်အရ သိရပါတယ်။ 
9 months Ago

May 1, 2020

ကပ်ဘေး အကန့်အသတ်များ တဆင့်ချင်းလျှော့ချမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ဗြိတိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု အမြင့်ဆုံးအဆင့်ကို ကျော်လွန်သွားပြီမို့ နိုင်ငံကို ပုံမှန်ဘဝပြန်ရောက်အောင် စတင်မယ့်အစီအစဉ် ကြေညာမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က  ဧပြီ ၃၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။  ကိုဗစ်-၁၉ ဖြစ်ရာကနေ ပြန်ကောင်းလာပြီးနောက် ဝန်ကြီးချုပ်က တဆင့်ချင်း ပြန်လျှော့ချမယ့်အစီအစဉ်ကို လာမယ့်အပတ် ကြေညာမယ်လို့ ပြောပါတယ်။  ဒါပေမဲ့ ကပ်ဘေးကြောင့် ချမှတ်ထားတဲ့အကန့်အသတ်တွေကို ဆေးသိပ္ပံပညာရှင်တွေရဲ့ အကြံပေးချက်နဲ့သာ လုပ်မယ်လို့ ဆိုပါတယ်။  ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ တနင်္လာနေ့က လုပ်ငန်းတာဝန်တွေ ပြန်ထမ်းဆောင်ခဲ့တာပါ။ ဗြိတိန်ဟာ ဥရောပမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်း ဒုတိယအမြင့်ဆုံးဖြစ်ပြီး စုစုပေါင်း ၂၆,၇၇၁ ဦးရှိခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago
Up