ကန်တေ

May 23, 2019

ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ကွင်းလယ်လူ ကန်တေ ပါဝင်နိုင်မည်ဟု ချဲလ်ဆီးနည်းပြ အတည်ပြု

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ကွင်းလယ်ကစားသမား ကန်တေ ပါဝင်ကစားနိုင်မယ်လို့ ချဲလ်ဆီးနည်းပြ ဆာရီက အတည်ပြုလိုက်ပါတယ်။ ကွင်းလယ်လူ ကန်တေဟာ ဝတ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့က အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ရှိတယ်လို့ နည်းပြဆာရီက ပြောကြားခဲ့တာပါ။ ဒါပေမယ့် နောက်ခံလူ ရူဒီဂါ၊ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ လော့ဖ်တပ်စ်ချိခ်နဲ့ ဟတ်ဆန်အိုဒွိုင်းတို့ကတော့ လွဲချော်မှာဖြစ်တယ်လို့ ဆာရီက အတည်ပြုခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို မေလ ၂၉ ရက်မှာ ယှဉ်ပြိုင်ကြမှာပါ။ အရန်ကစားသမား ၁၂ ဦးအထိ ကွင်းထဲကို ခေါ်ယူနိုင်မှာဖြစ်ပြီး လူစားလဲမှု သုံးဦးပြည့်ပြီးလို့ အချိန်ပို ဆက်ကစားရမယ်ဆိုရင် နောက်တဦး လူစားလဲခွင့်ရရှိမှာ ဖြစ်ပါတယ်။
2 years Ago

May 8, 2019

ချဲလ်ဆီးကွင်းလယ်ကစားသမား ကန်တေ လက်ကျန်ပွဲစဉ်များ လွဲချော်

ချဲလ်ဆီး ကွင်းလယ်ကစားသမား ကန်တေဟာ တံကောက်ကျောဒဏ်ရာကြောင့် လက်ကျန်ပွဲစဉ်တွေကို လွဲချော်တော့မှာဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ကန်တေဟာ ဝတ်ဖို့ဒ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး လက်စတာနဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်သလို ယူရိုပါလိဂ် ဗိုလ်လုပွဲတက်မယ် ဆိုရင်လည်း ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ကန်တေဟာ ယူရိုပါလိဂ်ပွဲစဉ်အပြီး ၃ ရက်အကြာမှာ ယှဉ်ပြိုင်ရတဲ့ ဝတ်ဖို့ဒ်နဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့တာဖြစ်ပြီး သူ့ကိုအသုံးပြုခဲ့တဲ့ နည်းပြ ဆာရီကို အပြစ်တင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ ကန်တေရဲ့ တံကောက်ကျောဒဏ်ရာကို အသေးစိတ် ထပ်မံစစ်ဆေးမှာဖြစ်ပြီး  ဘယ်လောက်အထိ အနားယူရမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
2 years Ago
More News
Up