ကန့်ကွက်ဆန္ဒပြ

February 26, 2021

ယင်းမာပင်တွင် စစ်ကောင်စီခန့် အုပ်ချုပ်မှူးများကို ကန့်ကွက်ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့မှာပြုလုပ်တဲ့ အာဏာသိမ်းစစ်​​ကောင်စီ ကန့်ကွက်ဆန္ဒပြပွဲမှာ စစ်​ကောင်စီကခန့်တဲ့ အုပ်ချုပ်​ရေးမှူးတွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ပြည်သူ့အုပ်​ချုပ်​ရေးကို ဖွဲ့စည်းသွားမယ်လို့ ဆန္ဒပြပြည်သူ​တွေက ​ပြောပါတယ်။

ဒီက​နေ့ပြုလုပ်တဲ့ စစ်​ကောင်စီကို ကန့်ကွက်ဆန္ဒပြရာမှာ စစ်​ကြောင်း  ၂ ခု ပြုလုပ်ခဲ့ပြီး လက်ရှိရုံးတက်​နေတဲ့ ဌာနရုံး​တွေ​ရှေ့မှာ ဆန္ဒထုတ်​ဖော်တဲ့အဖွဲ့နဲ့ မြို့တွင်းလှည့်လည်ကာ ဆန္ဒထုတ်​ဖော်တဲ့အဖွဲ့​ဆိုပြီး ပြုလုပ်ခဲ့ကြတာပါ။

ဒီက​နေ့ပြုလုပ်တဲ့ စစ်​ကောင်စီ ကန့်ကွက်ပွဲမှာ ​ကျောင်းသား​ကျောင်းသူ​လေးတွေ အများအပြားပါဝင်လာ​တာ​ဖြစ်ပြီး ​ပြည်သူ့ဝန်ထမ်းတွေနဲ့ ​ကျေးလက်​ဒေသကပြည်သူ​တွေလည်း တိုးလာပါတယ်။

2 months Ago

February 9, 2021

နွားထိုးကြီး စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြပွဲ ဌာနဆိုင်ရာဝန်ထမ်း ရာနှင့်ချီ ပူးပေါင်း

စစ်အာဏာရှင် အလိုမရှိကြောင်း မန္တလေးတိုင်း၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ဒီနေ့မနက် ဆန္ဒပြပွဲမှာ ကျန်းမာ​ရေး၊ ပညာရေး၊ ဆည်မြောင်း၊ မီးရထား စတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ရာချီပါဝင်လာကြတယ်လို့ သိရပါတယ်။

အင်အား ထောင်ပေါင်းများစွာက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီး ၁၀ နာရီ ၄၅ မိနစ်မှာ ​အေးချမ်းစွာ ပြီးဆုံးခဲ့ပါတယ်။

“လူအင်အားကတော့ မရေမတွက်နိုင်အောင် များ​သလို ဆိုင်ကယ်အစီး ၃၅၀ ကျော်နဲ့ မြို့ပေါ်ရော နယ်ကပါ ပါဝင်ကြတယ်” လို့ ဆန္ဒပြသူတဦး ပြောပါတယ်။

ပြည်သူ့အာဏာပြန်လည်ရရှိရေး၊ ပြည်သူ့အစိုးရ အမြန်ပြန်ရရေး၊ ဆက်လက်ဆန္ဒထုတ်ဖော်သွားမယ်လို့ ကြာကန်ရွာက မဲဆန္ဒရှင်တစ်ဦးက ပြောပါတယ်။

နွားထိုးကြီးမှာ ဖေဖော်ဝါရီ ၈ ရက် ဆန္ဒပြပွဲချက် ဒီနေ့ အင်အားပိုမိုများပြားလာပြီး ဌာနအတော်များများ ပူးပေါင်းပါဝင်လာကြတာလို့ သိရပါတယ်။

ဇာဇာမောင်

3 months Ago
More News
Up