ကနီ လူမှုကူညီရေးယာဉ်မောင်း

July 27, 2021

ကိုယ်ဝန်ဆောင်မီးဖွားရန်လိုက်ပို့သည့် ကနီ လူမှုကူညီရေးယာဉ်မောင်းကို စစ်ကောင်စီက ဖမ်းဆီး

မုံရွာမြို့ဆေးရုံကို ကလေးမီးဖွားဖို့ လိုက်ပို့ပေးတဲ့ ကနီမြို့နယ် လူမှုကူညီရေးအသင်း ယာဉ်မောင်းတစ်ဦးကို ဇူလိုင် ၂၆ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

လူနာရှင်က အကူညီတောင်းလို့ လိုက်လံပို့ဆောင်ပေးတာဖြစ်ပြီး ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ဖမ်းသွားတာလို့ ကနီမြို့နယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဘာကြောင့်ဖမ်းတာမှန်းတော့ မသိဘူးဗျ။ ယာဉ်မောင်းရဲ့ လက်ကိုင်ဖုန်းကို စစ်တယ်တော့ ပြောတယ်။ ဒီကလေးက အသက် ၂၈ နှစ်ဝန်းကျင်ပဲ ရှိဦးမယ်ဗျ။ အရင်ကလည်း ဘယ်အဖွဲ့အစည်းမှ ဝင်ထားတာမရှိသလို၊ ဘယ်လက်နတ်ကိုင်နဲ့မှ ချိတ်ဆက်တာမျိုးလုပ်တာတော့ မရှိခဲ့ဘူးဗျ။ သူဝါသနာက အလှဓာတ်ပုံရိုက်တာတို့ကတော့ စိတ်ဝင်စားတဲ့ ကလေးတစ်ယောက်ပါဗျ။ လူမှုကူညီရေးအသင်း သီးသန့်လုပ်ဆောင်နေတာကိုတော့ ကျနော်ရဲရဲပြောရဲတယ်။”

ဖမ်းဆီးသွားတဲ့ လူမှုကူညီရေးအသင်း ယာဉ်မောင်းကို ဘယ်မှာထိန်းသိမ်းထားတယ်၊ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို လက်ရှိအချိန်အထိ မသိရသေးတာကြောင့် မိသားစုနဲ့ လူမှုကူညီရေးအသင်းအဖွဲ့သားတွေ အလွန်မင်းစိတ်ပူနေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတာဝန်ရှိသူတွေအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူမှုကူညီရေးအသင်း ယာဉ်မောင်းကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့လည်း မိသားစုဝင်တွေနဲ့ ကနီမြို့နယ်လူမှုကူညီရေးအဖွဲ့ဝင်တွေက တောင်းဆိုလိုက်ပါတယ်။

3 months Ago
Up