ကစားသမားသစ် ၄ ဦး ပါဝင်လာ

March 17, 2018

အင်္ဂလန်လက်ရွေးစင်အသင်းတွင် ကစားသမားသစ် ၄ ဦး ပါဝင်လာ

ချစ်ကြည်ရေးခြေစမ်းပွဲတွေအတွက် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်း ထုတ်ပြန်ရာမှာ ကစားသမားသစ် ၄ ဦး ပါဝင်လာပါတယ်။ ဒီကစားသမားတွေကတော့ ဘန်လေဂိုးသမား နစ်ခ်ပေါ့ပီနဲ့ နောက်ခံလူ တာကောစကီး၊ ဆွမ်ဆီး နောက်ခံလူ မော်ဆင်နဲ့ ဘုန်းမောက်ကွင်းလယ်ကစားသမား လူးဝစ်ကွတ်ဒ် တို့ ပါဝင်လာတာပါ။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ၀ါရင့်နောက်ခံလူတွေဖြစ်တဲ့ ဂယ်ရီကာဟေးလ်၊ စမောလင်း စတဲ့ ကစားသမားတွေကို ချန်လှပ်ခဲ့ပြီး ကစားသမားသစ်တွေကို စမ်းသပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းဟာ လာမယ့်နိုင်ငံတကာ ပွဲစဉ်တွေ ရက်သတ္တပတ်မှာ နယ်သာလန်၊ အီတလီအသင်းတွေနဲ့ ခြေစမ်းပွဲကစားမှာပါ။ နည်းပြဆောက်ဂိတ် ရွေးချယ်ထားတဲ့ လက်ရွေးစင် ၂၇ ဦးစာရင်းမှာ ၂၀၁၆ ယူရိုပြိုင်ပွဲပြီးနောက် လက်ရွေးစင်အသင်းမှာ ပါဝင်လာခြင်းမရှိတော့ တဲ့ အာဆင်နယ်ကွင်းလယ်လူ ဂျက်ဝီလ်ရိုင်းယားကို ပြန်လည်ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် လယ်လာနာ၊ ဟန်ဒါဆန်၊လစ် ဗာမိုးတို့ကိုလည်း ပြန်လည်ရွေးချယ်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာတော့ ဟယ်ရီကိန်း ဒဏ်ရာရနေလို့ ၀ဲလ်ဘက်၊ စတာလင်၊ ရက်ဒ်ဖို့ဒ်၊ လင်ဂတ်၊ ဗာဒီ စတဲ့ ကစာသမားတွေ ရွေးချယ်ခံခဲ့ရပါတယ်။
3 years Ago
Up