ကစားသမား

January 23, 2021

ကစားသမားအပြောင်းအရွှေ့ ဆုံးဖြတ်ခွင့်မရှိဟု ကလော့ပ်ဝန်ခံ

ကစားသမားအပြောင်းအရွှေ့မှာ ဆုံးဖြတ်ချက်ချနိုင်တဲ့သူ မဟုတ်ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလောပ်က ဝန်ခံလိုက်ပါတယ်။ လီဗာပူးအသင်းဟာ နောက်ခံလူတွေ ဒဏ်ရာပြဿနာရှိနေခဲ့ပေမဲ့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ခြင်း မရှိသေးတာပါ။  “ကစားသမား မခေါ်တာက ကျနော့် ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ လူတချို့က အပြောင်း အရွှေ့မှာ လှုပ်ရှားသင့်တယ်လို့ ထင်ခဲ့ရင် အပြောင်းအရွှေ့ဈေးကွက်မှာ လူဝယ်မလား၊ မဝယ်ဘူး လားဆိုတာ ဆုံးဖြတ်ချက် မချမှတ်နိုင်ပါဘူး။ ဒါက တကယ့်ကို ရှင်းလင်းလွန်းပါတယ်။” လို့ ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ ရာသီအစပိုင်းကတည်းက ထွက်ခွာသွားတဲ့ လိုဗရန်ရဲ့နေရာမှာ နောက်ခံလူသစ်တွေ ဝယ်ယူဖို့ တိုက်တွန်းမှုတွေ ရှိခဲ့ပေမဲ့ ကစားသမားသစ် ထပ်မခေါ်ခဲ့တာပါ။ လက်ရှိ အချိန်မှာလည်း ဘိုင်ယန်နောက်ခံလူ ဒေးဗစ်အလာဘာ၊ ရှော်ကေးနောက်ခံလူ အိုဇန်ကာဘက်၊ လိုက်ဇစ်နောက်ခံလူ အူပါမီကာနို၊ ဘရိုက်တန်နောက်ခံလူ ဘင်ဝှိုက်တို့နဲ့ သတင်းထွက်နေပေမဲ့ အပြောင်းအရွှေ့မဖြစ်ပေါ်လာသေးတာပါ။
6 months Ago

December 25, 2020

အသုံးတည့်မည့် ကစားသမားတွေ့မှ ဝယ်ယူသင့်ကြောင်း မန်ယူအသင်းကို နဗီးလ်တိုက်တွန်း

ဇန်နဝါရီအပြောင်းအရွှေ့မှာ အသုံးတည့်မယ့် ကစားသမားတွေ့မှ ခေါ်ယူသင့်တယ်လို့ မန်ယူအသင်းကို ဂယ်ရီနဗီးလ်က တိုက်တွန်းလိုက်ပါတယ်။  မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ကောင်းမွန်နေပြီး ပရီးမီးယားလိဂ် အဝေးကွင်း ၁၄ ပွဲဆက်တိုက်လည်း နိုင်ပွဲရရှိထားတာပါ။  အဲဗာတန်နဲပွဲစဉ်မှာဆိုရင် ပွဲထွက်ကစားသမားစာရင်းကို ၉ ဦးအထိ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပွဲ ထပ်ရခဲ့ပါတယ်။  ကစားသမားသစ်ခေါ်ယူတာက အသင်းကို တိုးတက်မှုတွေရှိလာနိုင်ပြီး အမှန်တကယ် အသုံးတည့်ပြီး အံဝင်နိုင်မယ့် ကစားသမားရှိရင်တော့ ခေါ်ယူသင့်တယ်လို့ နဗီးလ်က ယူနိုက်တက်အသင်းကို အကြံပေးခဲ့ပါတယ်။  ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေမှာ ကောင်းမွန်တဲ့ ခေါ်ယူမှုတချို့ လုပ်နိုင်ခဲ့တာကြောင့် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အလောတကြီး ခေါ်ယူဖို့ မလိုအပ်ကြောင်း နောက်ခံလူဟောင်း နဗီးလ်က သုံးသပ်သွားခဲ့ပါတယ်။ 
7 months Ago
More News
Up