ကစားလို

January 7, 2021

ပရီးမီးယားလိဂ်တွင်  ကစားလိုကြောင်း ဆဲလ်ဘက်တိုက်စစ်မှူး ပက်စတန်ဒါကာ ပြော

မန်ယူနဲ့ လီဗာပူးအသင်းတွေက ခေါ်ယူလိုနေတဲ့ ဆဲလ်ဘက်တိုက်စစ်မှူး ဒါကာကတော့ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ကစားချင်တယ်လို့ ပြောပါတယ်။  ဇမ်ဘီယာတိုက်စစ်မှူး  ပက်စတန်ဒါကာဟာ သြစတြီးယားလိဂ်မှာ ခြေစွမ်းပြနေပြီး  ၁၇ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူထားသူပါ။  တိုက်စစ်မှူး ဒါကာဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက စပါးအသင်းကို ပေါင် ၂၈ သန်းနဲ့ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့ဖူးပါတယ်။  ပရီးမီးယားလိဂ်က အာဖရိကန်ကစားသမားတွေဖြစ်တဲ့ အူဘာမီယန်း၊ ဆာလာနဲ့မာနေး တို့ကို  အားကျပြီး တချိန်မှာ လာရောက်ကစားချင်တဲ့ အိပ်မက်ရှိတယ်လို့ ဒါကာက ပြောပါတယ်။  အဲဒီလို အကောင်းဆုံး အာဖရိကန်ကစားသမားတွေနဲ့ နှိုင်းယှဉ်ချီးကျူးခံရတာကိုလည်း ဝမ်းမြောက်မိပြီး မာနေး ကစားပေါက်ရှိတယ်လို့ ချီးကျူးခံရတာကိုလည်း ကျေနပ်ကြောင်း ဒါကာက ပြောပါတယ်။  ဆဲလ်ဘက်အသင်းဟာ မာနေး ကစားခဲ့ဖူးတဲ့အသင်းဖြစ်ပြီး ဟာလန်းဟာလည်း အဲဒီကနေ တဆင့်  ခြေစွမ်း ပြခဲ့သူဖြစ်ပါတယ်။ 
4 months Ago

April 27, 2020

မန်ယူအသင်းတွင် နှစ်ပေါင်းများစွာ ကစားလိုကြောင်း ဂိုးသမားဒီဂီယာပြော

မန်ချက်စတာယူနိုက်တက်အသင်းမှာ နှစ်ပေါင်းများစွာအထိ ဆက်ကစားချင်တယ်လို့ ဂိုးသမား ဒီဂီယာက ပြောပါတယ်။  ရှက်ဖီးယူနိုက်တက်အသင်းမှာ မန်ယူ လူငယ်ဂိုးသမား ဒီးဟန်ဒါဆန်က လက်စွမ်းပြသနေပေမယ့် မန်ယူနံပါတ်တစ် ဂိုးသမားနေရာကိုတော့ ဆက်ထိန်းထားလိုတယ်လို့ ဒီဂီယာက ပြောခဲ့တာပါ။  ရှက်ဖီးယူနိုက်တက်အသင်းဆီ အငှားချထားတဲ့ ဂိုးသမားဟန်ဒါ ဆန်ဟာ အခုနှစ်ရာသီအကုန်မှာ မန်ယူအသင်းဆီကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။  ဟန်ဒါ ဆန်ဟာလည်း ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့်ရယူချင်တာကြောင့် ဒီဂီယာနဲ့ အပြိုင် နေရာလုရဖို့ ရှိနေပါတယ်။  ဒီဂီယာကတော့ အသင်းနဲ့အတူ ၁၀ နှစ်လောက် ဖြတ်သန်းခွင့်ရခဲ့လို့ ဂုဏ်ယူကျေနပ်မိပြီး နှစ်ပေါင်းများစွာ ဆက်ကစားချင်တယ်လို့ ပြောပါတယ်။  ဒီဂီယာဟာ ပြီးခဲ့တဲ့စက်တင်ဘာလကမှာ တပတ်ပေါင် ၃၇၅၀၀၀ နဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။  အသင်းရဲ့ခြေစွမ်းဟာလည်း တိုးတက်မူတွေရှိလာပြီး ဆုဖလားအားလုံးကို စိန်ခေါ်နိုင်စွမ်းရှိနေပြီလို့ ဒီဂီယာက  သုံးသပ်ခဲ့ပါတယ်။ 
1 year Ago
Up