ကင်းစင်

July 26, 2020

ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ပြီဟု ကူးစက်ခံ ဘရာဇီးသမ္မတ ပြော

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ဘရာဇီးသမ္မတ ဘောဆိုနာရိုဟာ နောက်ဆုံးစမ်းသပ်ချက်အရ သူ့မှာ ဗိုင်းရပ်စ် မရှိတော့ဘူးလို့ ဇူလိုင်လ ၂၅ ရက်က တွစ်တာလူမှုကွန်ရက်ပေါ်ကနေ ပြောလိုက်ပါတယ်။  သူဟာ လေးကြိမ်တိုင် စစ်ဆေးမှု ခံယူအပြီး ဇူလိုင် ၂၅ ရက်မှာတော့ ပိုးမတွေ့တော့တာ ဖြစ်ပြီး အရင် ၃ ကြိမ်လုံး ပိုးတွေ့ထားတယ်လို့  ဆိုပါတယ်။  စစ်တပ်မှာ ဗိုလ်ကြီးဟောင်း ဘောဆိုနာရိုဟာ ဇူလိုင် ၇ ရက်မှာ ပိုးတွေ့ကြောင်း ပထမဆုံး ကြေညာခဲ့တာပါ။  သူဟာ အစောပိုင်းက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ ပြင်းထန်မှုကို ပယ်ချပြီး တုပ်ကွေး အသေးစားလို့ ခေါ်ခဲ့တာပါ။  ဒါပေမယ့် သူ့နိုင်ငံဟာ အမေရိကန် ပြင်ပမှာ ကမ္ဘာ့အဆိုးရွားဆုံး ကပ်ရောဂါ ဘေးသင့်တဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ခုတော့ ဘရာဇီးမှာ ကူးစက်ခံ အတည်ပြုလူနာ ၂ သန်းကျော်ရှိပြီး ကူးစက်ခံ သေဆုံးသူဦးရေ ၈ သောင်း ၁ ထောင်ကျော် ရှိနေပါပြီ။ ဘောဆိုနာရိုကတော့ သူဟာ ငှက်ဖျားပျောက်ဆေး ဟိုက်ဒရိုကလိုရိုကွင်းနဲ့ အတည်မပြုရသေးတဲ့ ကိုဗစ်-၁၉ ကုသဆေးတွေကို သောက်သုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 
10 months Ago

May 28, 2020

စပါးကစားသမားအားလုံး ဒဏ်ရာပြဿနာကင်းစင်ပြီဟု မော်ရင်ဟို အတည်ပြု

ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်ချိန်မှာ စပါးအသင်းက ကစားသမားအားလုံးကို အသုံးပြုနိုင်ပြီလို့ စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။  စပါးအသင်းဟာ အခုနှစ်ရာသီမှာ အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာရှိခဲ့လို့ ရုန်းကန်ခဲ့ရပါတယ်။  အဓိက တိုက်စစ်မှူးဟယ်ရီကိန်းဟာ ဇန်နဝါရီ ၁ ရက် နေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရခဲ့လို့ အနားယူခဲ့ရပါတယ်။  ဒါ့အပြင် ကွင်းလယ်လူ ဆစ်ဆိုခို၊ တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆွန်ဟောင်မင် နဲ့ ဘာ့ချ်ဝင်တို့ဟာလည်း ဒဏ်ရာရခဲ့ကြတာပါ။  လက်ရှိအချိန်မှာ အဲဒီကစားသမား ၄ ဦးလုံး လေ့ကျင့်ခန်းပြန်ဆင်းနေပြီး နောက်ထပ်ရက်သတ္တပတ် အနည်းငယ် အကြာမှာ ပြန်ကစားနိုင်တော့မယ်လို့ မော်ရင်ဟိုက အတည်ပြုခဲ့ပါတယ်။  နောက်ဆုံးကစားခဲ့တဲ့ လိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာတွေရှိခဲ့ပြီး အခုချိန်မှာ ကစားသမားအားလုံး ပြန်လည်လေ့ကျင့်နိုင်ပြီဖြစ်လို့ ပျော်ရွှင်တဲ့ ခံစားချက်ရရှိစေတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ 
12 months Ago
Up