ကချင်ပြည်နယ်

April 22, 2021

ခေါင်လန်ဖူးလူငယ် ၆ ဦးအား ဌာနေပြည်သူ့စစ်တပ်ဖွဲ့က မတရားဖမ်းဆီး

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက ခေါင်လန်ဖူးလူငယ် ၆ ဦးအား ဧပြီလ ၂၂ နေ့ မွန်းတည် ၁၂ နာရီအချိန်၀န်းကျင်မှာ မကွေဇဂိတ်ထိုင်စောင့်‌‌နေတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က မတရားဖမ်းဆီးထိန်းသိမ်းသွားတယ်လို့ နောင်မွန်းဒေသခံတစ်ဦးက ပြောပါတယ်။

ခေါင်လန်ဖူးလူငယ် ၆‌ ဦးဟာ ခေါင်လန်ဖူးမြို့ကနေ ပူတာအိုမြို့ကို  ဆင်းလာတဲ့ လမ်းတစ်၀က်မှာ ဖမ်းဆီးခံရတာလို့ နောင်မွန်းဒေသခံက ပြောပါတယ်။

"လူငယ် ၆ ဦးက ခေါင်လန်ဖူးနဲ့ ပူတာအိုကြားမှာ အထိုင်ချထားတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က မကွေဇဂိတ်မှာ ဖမ်းဆီးခဲ့ပြီး ဘယ်လိုကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘူး။”

ဒီနေ့ဖမ်းဆီးသွားတဲ့ လူငယ် ၆ ဦးကို နောင်မွန်းမြို့ဘက်ကို ခေါ်‌ဆောင်သွားတယ်လို့ မျက်မြင်သက်သေ ဒေသခံတစ်ဦးက ပြောပါတယ်။

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်းကာ ပူတာအိုခရိုင်အတွင်းက ဒေသခံလူငယ်တွေ၊ နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းမှာ ပါ၀င်တဲ့ လူငယ်တွေ သတင်းပေးတာ၊ အကြမ်းဖက်တပ်ဖွဲ့အား လမ်းပြပေးခြင်းတာတို့ကို လုပ် ဆောင်နေတယ်လို့ သိရပါတယ်။

3 weeks Ago

April 14, 2021

ကချင်ပြည်နယ်ကလူငယ်များ တော်လှန်ရေးစာစဉ် စတင်ဖြန့်ဝေ

ကချင်ပြည်နယ်ရှိ လူငယ်တွေ ဦးဆောင်ကာ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပါ၀င်ရေးသားထားတဲ့ KSCM စာစဉ်ကို ဧပြီ ၁၁ ရက်နေ့က စတင် ထုတ်ဝေ ဖြန့်ချိနေပါတယ်။

KSCM စာစဉ်ထွက်ရှိလာဖို့ မြစ်ကြီးနားမြို့အတွင်းရှိ  တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ၊ တက်ကြွလူငယ်တွေနဲ့ Gen-Z လူငယ်တွေ ဦး‌ဆောင်ပြီးကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ 

ဦးဆောင်သူလူငယ်တစ်ဦးက " ကချင်ပြည်နယ်‌အတွင်း အင်တာနက်လိုင်း ပြတ်တောက်နေတဲ့အချိန်မှာ ဒေသခံပြည်သူတွေအတွက် သတင်းစီးဆင်းမှု ရရှိစေဖို့နဲ့ စစ်အာဏာရှင်ကျဆုံးရေး နွေဦးတော်လှန်ရေး အရှိန်မသေဘဲ အဆုံးတိုင် တိုက်ပွဲ၀င်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ဝေဖြစ်တာပါ "လို့ပြောပါတယ်။

ကချင်ပြည်နယ် အတွင်းရှိ ခရိုင်တိုင်း၊ မြို့နယ်အဆင့်၊ ရပ်ကွက်ကျေးရွာများအထိ သတင်းစီးဆင်းမှုရရှိအောင် လူငယ်တွေက ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

4 weeks Ago
More News
Up