ကက်ရှ်မီးယားပြည်နယ်

March 7, 2019

ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်တွင် ဗုံးပေါက်ကွဲ၊ လူ ၁၈ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်မှာ မတ်လ ၇ ရက်က ဗုံးပေါက်မှုကြောင့် လူ ၁၈ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဂျမူးမြို့ ဘတ်စ်ကားမှတ်တိုင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ လူ ၄၀ ထက်မနည်း သေဆုံးတဲ့ ကက်ရှ်မီးယား အသေခံကားဗုံးခွဲမှုဖြစ်ပြီး တလမပြည့်ခင်မှာ ဖြစ်ခဲ့တာပါ။ မျက်မြင်တဦးက “ပေါက်ကွဲသံကြားတော့ ကားတာယာပေါက်တယ် ထင်မိတာ။ နောက်မှ ဗုံးပေါက်မှန်းသိရတယ်။ လူ ၁၀ ယောက်၊ ၁၂ ယောက်လောက် ဒဏ်ရာရပြီး သုံးလေးယောက်လောက်က ဒဏ်ရာပြင်းတယ်” လို့ ပြောပါတယ်။ “လက်ပစ်ဗုံးကို ပြင်ပက ခိုးယူလာပြီး ဘတ်စ်ကားအောက်ထဲ လှိမ့်ပစ်လိုက်ပုံရတယ်” လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဂျမူးမြို့ဟာ ပြည်နယ်ရဲ့ ဆောင်းရာသီမြို့ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up