ONE CHAMPIONSHIP

April 29, 2021

လိုက်ဟဲဗီးဝိတ် ချန်ပီယံကာကွယ်ပွဲတွင် အောင်လအန်ဆန် နယ်သာလန်နိုင်ငံသားကို ရှုံးနိမ့်

ဧပြီ ၂၉ ရက်နေ့မှာ ထိုးသတ်ခဲ့တဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲမှာတော့ မြန်မာ MMA ကစားသမား အောင်လအန်ဆန်ဟာ ပြိုင်ဘက် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို ရှုံးနိမ့်ခဲ့ပြီး ခါးပတ်ကို လွှဲပြောင်းပေးလိုက်ရပြီဖြစ်ပါတယ်။

၅ ချီထိုးသတ်ရတဲ့ပွဲမှာ နောက်ဆုံးချိန်အထိ အလဲမထိုးနိုင်ခဲ့ကြတဲ့အတွက် အမှတ်နဲ့ဆုံးဖြတ်ခဲ့ရာမှာတော့ နယ်သာလန်သားက အနိုင်ရရှိသွားတာပါ။

အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချိန်ပီယံဆုကိုလည်း အဆိုပါ နယ်သာလန်သား ဒီရစ်ဒါနဲ့ ယှဉ်ပြိုင်ရှုံးနိမ့်ပြီး လွှဲပြောင်းပေးထားရတာဖြစ်ပါတယ်။

ဒါကြောင့် အောင်လအန်ဆန်ဟာ သူရရှိထားတဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှစ်ဆုလုံးကို ဆုံးရှုံးလိုက်ရပြီဖြစ်ပြီး အဲဒီချန်ပီယံဆုနှစ်ဆုလုံးကို နယ်သာလန်သား ဒီရစ်ဒါက ရရှိသွားတာလည်းဖြစ်ပါတယ်။

3 weeks Ago

April 22, 2021

မြန်မာပြည်သူများ အကြမ်းဖက်ခံနေရသည့်ကိစ္စ တားဆီးပေးရန် အောင်လအန်ဆန်း တောင်းဆို

မြန်မာပြည်သူတွေ အကြမ်းဖက်တိုက်ခိုက်ခံနေရတဲ့ အခြေအနေကို ဝင်ရောက်တားဆီးပေးဖို့ One Championship လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ထံ တောင်းဆိုလိုက်ပါတယ်။

သမ္မတဘိုင်ဒင်အနေနဲ့ မြန်မာစစ်အစိုးရကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စကားပြောနိုင်ရင် နေ့တိုင်းဒုက္ခခံစားနေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အကူအညီဖြစ်စေနိုင်လိမ့်မယ်လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေ ကန့်သတ်ပိတ်ဆို့ခံနေရတဲ့အကြောင်း လူမှုကွန်ယက်တွေမှာလည်း စစ်အစိုးရကို ဆန့်ကျင်ပြောဆိုလို့မရဘဲ အိမ်တွေထဲအထိ လာရောက်ဖမ်းဆီးခံနေရတဲ့ကြောင်းနဲ့ သမ္မတဘိုင်ဒင်အနေနဲ့သာ  စစ်ဗိုလ်ချုပ်တွေနဲ့ မြန်မာစစ်တပ်ကို ဆက်သွယ်ပြောဆိုနိုင်မယ်ဆိုရင် မြန်မာနိုင်ငံသားတွေ အားလုံးက ကျေးဇူးတင်ကြပါလိမ့်မယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 

အောင်လအန်ဆန်းက သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေကို အရေးတကြီး ရပ်ဆိုင်းစေချင်တဲ့အကြောင်း ပြည်တွင်းမှာ လူငယ်တွေ ကလေးငယ်တွေ ရက်ရက်စက်စက်အသတ်ဖြတ်‌ခံနေရတဲ့ ဗီဒီယိုတွေ အများကြီးလက်ခံရရှိခဲ့ပြီး ပြန်လည်ဖြန့်ဝေခဲ့တယ်လို့လည်း ပြောပါတယ်။

Photo Credit-AungLaNsang

4 weeks Ago
More News
Up