ပညာရေး/နည်းပညာ

June 28, 2022

စစ်တက္ကသိုလ်ဝင်ခွင့် အသက်ကန့်သတ်ချက် တိုးမြှင့်

စစ်တက္ကသိုလ်တွေရဲ့ ဗိုလ်လောင်းဝင်ခွင့်တွေအတွက် အသက်ကန့်သတ်ချက်ကို ထပ်တိုးပေးလိုက်တယ်လို့  စစ်ကောင်စီပြန်ကြားရေးလက်အောက်ခံ သတင်းစဉ်မှာ ဒီကနေ့ ဇွန် ၂၈ ရက်က ဖော်ပြပါတယ်။

စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်နဲ့ တပ်မတော် ဆေးတက္ကသိုလ် (အမျိုးသမီး)ဗိုလ်လောင်းဝင်ခွင့်တွေကို မိဘပြည်သူတွေရဲ့ မေတ္တာရပ်ခံချက်အရ ပြင်ဆင်တိုးပေးတာလို့လည်း ဖော်ပြထားပါတယ်။

ဒီတက္ကသိုလ်ဝင်ခွင့်အတွက် အသက်သတ်မှတ်ချက်အနေနဲ့ အရင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အသက် ၁၆ နှစ်ထက်မငယ်ရ၊ ၁၈ နှစ်ထက်မကြီးရလို့ သတ်မှတ်ထားခဲ့ပြီး အခုပြင်ဆင်လိုက်တာက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အသက် ၁၈ နှစ် ၆ လထက် မကြီးရလို့ အသတ်ကန့်သတ်ချက်ကို တိုးမြှင့် သတ်မှတ်လိုက်တာဖြစ်ပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်းအောင်တဲ့သူတွေကိုခေါ်ယူနေတာဖြစ်လို့ ကိုဗစ်ကာလ ကျောင်းတွေပိတ်ထားပြီး အောင်မြင်သူကျောင်းသားတွေရဲ့ အသက်ကြီးနေတာကြောင့်အခုလို လုပ်ဆောင်တာလို့ မြင်သူတွေလည်းရှိသလို လျှောက်ထားသူနည်းပါးလို့ အသက်ကန့်သတ်ချက်ကို ဖြေလျှော့လိုက်တာလို့ မြင်သူတွေလည်းရှိပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကလည်း ဗိုလ်လောင်းလျှောက်လွှာတွေခေါ်ယူရာမှာ လျှောက်ထားသူနည်းလို့ သတ်မှတ်နောက်ဆုံးရက်ကို  ၂ ကြိမ်ပြင်ဆင် နောက်ဆုတ်ခဲ့ရပါသေးတယ်။

စစ်တပ်ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်ပြီးချိန်မှာ နိုင်ငံပိုင်သတင်းစာတွေမှာ မျက်နှာပြည့်ကြော်ငြာတွေထည့်ပြီး စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းတက်ဖို့ ခေါ်ယူလေ့ရှိတာပါ။

ဒီနှစ်အတွက်မှာတော့ လျှောက်လွှာတွေကို လာမယ့် ဩဂုတ် ၅ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာထုတ်ယူခဲ့တဲ့ တိုင်းစစ်ဌာနချုပ်တွေဆီကို ပြန်ပေးရမှာဖြစ်ပါတယ်။

Photo-DSINFO

1 day Ago

အွန်လိုင်းမှ ကြားကာလပညာသင်ကြားရေး အစီအစဉ် တက္ကသိုလ်နှင့် ကျောင်းအချို့ ပြုလုပ်

တက္ကသိုလ်နဲ့ ကျောင်းတွေမှာ ပုံမှန်သင်ကြားတာတွေ မလုပ်နိုင်သေးတဲ့ အခုလိုအချိန်မှာ အွန်လိုင်းကနေ ကြားကာလပညာသင်ကြားရေး အစီအစဉ်တွေကို တက္ကသိုလ်နဲ့ ကျောင်းတချို့က ပြုလုပ်နေပြီဖြစ်ပါတယ်။

CDM ကျောင်းသူကျောင်းသားတွေအပြင် ဘယ်သူမဆိုသင်ယူနိုင်တာမျိုးကိုလည်း စီစဉ်ပို့ချနေတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးဝန်ကြီးဌာနကလည်း ကြားကာလပညာရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ သဘောထားစစ်တမ်းကောက်ယူနေပါတယ်။

သန်လျင်နည်းပညာတက္ကသိုလ်ကတော့ NUG ပညာရေးရေးဝန်ကြီးဌာနက ပေးအပ်ထားတဲ့ စီမံခန့်ခွဲပိုင်ခွင့်အရ စဉ်ဆက်မပြတ်ပညာရေးအတွက် ကြားကာလသင်ကြားရေး အစီအစဉ်အဖြစ် Basic Phython Programming for Engineers Course ကို ဇူလိုင် ၄ ရက်နေ့ စတင်သင်ကြားမှာ ဖြစ်ပါတယ်။

ဒီသင်တန်းကို ဘယ်သူမဆို တက်ရောက်နိုင်မှာဖြစ်ပြီး တပတ်မှာ ၂ ရက်နှုန်းနဲ့ ၄ ပတ်ကြာ အခမဲ့ ပို့ချမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်ဖို့အတွက်ကတော့ https://forms.gle/HqSJnhpApd3tei486 ကနေ လျှောက်ထားရမှာဖြစ်ပြီး ဇွန် ၂၉ ရက် မနက် ၁၀ နာရီနောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။

မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂကလည်း လူ့အခွင့်အရေးအကြောင်း အသိပညာပေး အစီအစဉ်ကို ဇူလိုင် ၁ ရက်နဲ့ ၂ ရက်တို့မှာ အွန်လိုင်းကနေ ပို့ချဆွေးနွေးမှာဖြစ်ပြီး https://forms.gle/Qv86D7FjncvYpUXW8 ကနေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒဂုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီကလည်း တော်လှန်ရေးကာလအတွင်းမှာ လက်လှမ်းမီရာ ပညာတွေ ဆည်းပူးနေနိုင်ဖို့အတွက် ဘာသာစကား၊ စာပေ၊ နိုင်ငံရေး၊ လူမှုသိပ္ပံ၊ သဘာဝသိပ္ပံနဲ့ တော်လှန်ရေးအတွေးအခေါ် စတဲ့ဘာသာရပ်တွေကို ဒဂုံတက္ကသိုလ်ရဲ့ CDM ကျောင်းသူ ကျောင်းသားတွေအတွက် စီစဉ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပထမဆုံးသင်တန်းအနေနဲ့ နေ့စဉ်သုံးအင်္ဂလိပ်စကားကို သင်ကြားပေးမှာဖြစ်ပြီး စစ်ကျွန်ပညာရေး သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေ အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

၂ လကြာမယ့် ဒီသင်တန်းကို ဇူလိုင် ၂ ရက်နေ့မှာ စတင်မှာဖြစ်ပြီး https://docs.google.com/.../1FAIpQLSellxgiMBk.../viewform... ကနေ ဇွန် ၂၉ ရက် နောက်ဆုံးထား စာရင်းပေးသွင်းလျှောက်ထားရမှာ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်တာနဲ့ စစ်တပ်အာဏာသိမ်းအကြမ်းဖက်မှုတွေကြောင့် ရပ်ဆိုင်းနှောင့်နှေးခဲ့ရတဲ့ ပညာရေးအတွက် ကျောင်းသားကျောင်းသူတွေ ဆက်လက်သင်ယူခွင့်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ စီစဉ်နေတာဖြစ်ပါတယ်။

အင်ဂျင်နီယာတွေအတွက် စီမံကိန်း စီမံခန့်ခွဲရေးသင်တန်းကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လျှောက်လွှာခေါ်ယူခဲ့သလို ဝန်ကြီးဌာနရဲ့ သက်မွေးပညာကော်မတီကလည်း လက်တွေ့အသုံးချနိုင်တဲ့ အသိပညာတွေကို ပို့ချပေးနေတာ တွေ့ရပါတယ်။

အတွေးအခေါ်နဲ့ လက်တွေ့အသုံးချဘာသာရပ်တွေကို သင်ကြားပေးနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတဲ့ ဘားမားအကယ်ဒမီကို ဝင်ရောက်လေ့လာချင်ရင်တော့ https://burma.ac/ မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။

ပညာရှာလို့တဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ ကြားကာလ ပညာသင်ယူနိုင်ဖို့ မြေပြင်ပညာရေး ၊ အွန်လိုင်းပညာရေးနဲ့  နေအိမ်အခြေပြုပညာရေးဆိုပြီး နည်းလမ်း ၃ မျိုးနဲ့  လေ့လာသင်ယူနိုင်တာ ဖြစ်ပါတယ်။

မြေပြင်ပညာရေးအနေနဲ့ လွတ်မြောက်နယ်မြေတွေ၊  တိုင်းရင်းသားဒေသတွေရှိ မြေပြင်ရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွေ၊ တိုင်းရင်းသားပညာရေးကျောင်းတွေနဲ့ ဒေသအခြေပြုကျောင်းတွေမှာ သင်ယူနိုင်တာဖြစ်ပါတယ်။ 

အွန်လိုင်းပညာရေးကတော့ အင်တာနက်လိုက်ရရှိတဲ့ နေရာကနေ ပြည်သူ့အခြေပြု ပုဂ္ဂိလိက အွန်လိုင်းကျောင်းတွေနဲ့ အန်ယူဂျီပညာရေးဌာနက စီစဉ်ဖွင့်လှစ်ထားတဲ့ သင်တန်းတွေမှာ   လေ့လာ သင်ယူနိုင်ပါတယ်။

NUG ပညာရေးဝန်ကြီးဌာနက စီစဉ်ပေးထားသော နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်မှာတော့ အတန်းစုံ၊ ဘာသာစုံ၊ သင်ရိုးကုန် သင်ခန်းစာတွေကို ရယူ/ဖြန့်ဝေပေးပြီး နေအိမ်အခြေပြုသင်ယူခြင်းဆိုင်ရာလမ်းညွှန်စာအုပ်ကို ဖတ်ရှုလေ့လာကာ ကိုယ်တိုင်သင်ယူနိုင်ဖို့ စီစဉ်ပေးထားတာရှိပါတယ်။

ကြားကာလပညာရေးအစီအစဉ်တွေအပေါ် NUG အစိုးရက သဘောထားစစ်တမ်း ကောက်ယူနေရာမှာ ကျောင်းသားတွေက https://forms.gle/UVDckdkHiWLzZhHaA မှာ ဝင်ရောက်ဖြည့်စွက်နိုင်ပြီး ဆရာတွေကတော့ https://forms.gle/bTFxCmjjK6DgKPGH8 ကနေ ဝင်ရောက်ဖြည့်စွက် သဘောထားမှတ်ချက်ပေးနိုင်တယ်လို့သိရပါတယ်။

NUG ပညာရေးဌာနရဲ့  Telegram Channels တွေမှာ အတန်းစုံ ဘာသာစုံ သင်ရိုးကုန် အခမဲ့ ကိုယ်တိုင်သင်ယူနိုင်ပါတယ်။

ကျောင်းသားစာရင်းသွင်းရန် Registration Link များ—

https://www.facebook.com/BE.moeNUG/videos/197328219101134

Grade 11 MBEH Channel

https://t.me/joinchat/Z6cZ9Gf-ubxlMWQ1

Grade 10 MBEH Channel

https://t.me/joinchat/0dB_0tSgLTowMjI9

Grade 9 MBEH Channel

https://t.me/joinchat/h_dGU4hsGHc3MzA1

Grade 8 MBEH Channel

https://t.me/joinchat/TxHWca5RuotjNzll

Grade 7 MBEH Channel

https://t.me/joinchat/h8CsmPfQscNkMDQ1

Grade 6 MBEH Channel

https://t.me/joinchat/IHxvVfJgZUxiOTQ9

Grade 4 MBEH Channel

https://t.me/joinchat/3LCw19ztMcowOGI1

Grade 3 MBEH Channel

https://t.me/joinchat/C9JBzMp09Gw0YTU1

Grade 2 MBEH Channel

https://t.me/joinchat/U2R4xHQtnBhiOThl

Grade 1 MBEH Channel

https://t.me/joinchat/9ntMcoRSIdtmMWI1

KG MBEH Channel 

https://t.me/joinchat/Wv9mDvMa7aFkOWVl

MBEH (IT Curriculum) Channel

https://t.me/MBEHItCurriculum

MBEH (Federal Democracy) Channel

https://t.me/MBEHFederalDemocracy

Teacher Education CPD MBEH Telegram Channel

https://t.me/+XxeaJQUKtYwwNWY1

Myanmar Basic Education Home (MBEH Bluemark Official Page) (Hotline Messenger)

https://www.facebook.com/BE.moeNUG/

1 day Ago

June 26, 2022

ပြည်မြို့ ကျောင်းများ၌ ပင်စင်စားသက်ကြီးစစ်သားများကို သေနတ်ပေးပြီး အစောင့်ချထား

ပဲခူးတိုင်း၊ ပြည်မြို့က ကျောင်းတွေမှာ အသက်အရွယ် အိုမင်းနေတဲ့ ပင်စင်စား စစ်သားအိုကြီးတွေကို သေနတ်တွေပေးပြီး အစောင့်ချထားတယ်လို့ ဒေသခံကျောင်းသားမိဘတွေက ပြောပါတယ်။

“သေနတ်တွေက အစစ်တွေဆိုပေမဲ့ အစုတ်ကြီးတွေထင်တယ်။ ပစ်လို့တောင် ရပါ့မလားမသိဘူး။ ဒါပေမည်း သူတို့ကလည်း ကြွားစရာမရှိ ကလေးတွေကို ကျည်ဆန်တွေ ထုတ်ပြတယ်၊ မောင်းတွေတင်ပြတယ်၊  တဖြောင်းဖြောင်းနဲ့ လုပ်ပြတယ်လို့ အိမ်ကကလေးကပြောတာ၊ ကလေးတွေကို ကြွားနေတာလား၊ တမင်ပဲ သူတို့မှာ ကျည်ဆန်ရှိတယ် ပစ်လို့ရတယ်ဆိုတာကို သိစေချင်လို့ လုပ်ပြနေတာလားမသိဘူး။ အမှတ် ၅ ကျောင်းမှာဆို အလယ်ပေါက်မှာ ၃ ယောက်၊ ဘေးအပေါက်မှာ ၂ ယောက်၊ ရထားလမ်းဘက်မှာလည်း ၃ ယောက်လောက် ချထားတယ်။ ကျောင်းတကျောင်းကို စစ်သားအိုကြီးတွေ ၈  ယောက်နဲ့ ၁၀ ယောက်လောက်အထိချထားတာ။ တခုခုဖြစ်ရင် ပြေးတောင်ပြေးနိုင်တဲ့ အခြေအနေမရှိဘူး၊ အိုကြီးအိုမတွေ၊ ယူနီဖောင်းကတော့ အသစ်တွေပါတွေနဲ့ ထုတ်ပေးတာလားတော့မသိဘူး၊ သေခါနီးနေတာတောင် အမြင်မှန်မရကြသေးဘူး၊ သေစရာရှိရင် သူတို့အရင်သေကြမှာ” လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။

အဲဒီ ပင်စင်စားစစ်သားတွေအား စစ်ကောင်စီက ၁ လကို လစာ ၂ သိန်း ၈ သောင်း၊ ဆန်နဲ့ ရိက္ခာတွေပေးပြီး ကျောင်းတွေမှာ စောင့်ခိုင်ထားတာလို့ ဗိုလ်ချုပ်လမ်းနေထိုင်သူတယောက်က ပြောပါတယ်။

“အရင်ကတော့ သတင်းပဲပေးရတာ၊ အခုတော့ သေနတ်အစုတ်လေးတွေ ထုတ်ပေးပြီး ကျောင်းတွေမှာ အစောင့်လုပ်ပေးနေရတာ။ အိမ်နားက ဘိုးတော်က အရင်ကတော့ စားဖို့တောင်မရှိဘူး၊ တခါတလေ ဆိုင်ကယ် ကယ်ရီလေးဘာလေးထွက်ပြီး ဈေးဖိုးရှာနေရတာ၊ အခုတော့ လစာနဲ့ဆန်ရတော့ သေနတ်အစုတ်နဲ့ အောင်ဆန်းကျောင်းမှာ ကျောင်းစောင့်လုပ်ပေးပြီ အဆင်ပြေနေတယ်။” 

ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့ကလည်း ၀က်ထီးကန် အထက မှာစောင့်နေတဲ့ ပင်စင်စားသက်ကြီး စစ်သားတယောက် သေနတ်ပျောက်သွားတာကြောင့် ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း၊ အဲဒီပင်စင်စားစစ်သားကိုလည်း မတွေ့တော့ဘူးလို့ ၀က်ထီးကန်မြို့ခံတယောက်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက CDM ကျောင်းဆရာ၊ဆရာမတွေကို အတင်းပြန်ခေါ်ပြီး ကျောင်းပြန်တက်ခိုင်းတာ၊ လက်မှတ်ထိုးခိုင်းတာတွေ ဆက်တိုက်လုပ်နေသလို ကျောင်းသား၊ ကျောင်းသူတွေကိုလည်း  ဖေ့စ်ဘွတ်ခ်ကိုစောင့်ကြည့်ပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 days Ago
More News
Up