Home
မြန်မာသတင်း
စက်ရုပ်ပြိုင်ပွဲတွင် တောင်ကိုရီးယားက ပထမရရှိ
DVB
·
June 17, 2015
ဇွန် ၆ ရက်နေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ကျင်းပတဲ့ ဒါပါစက်ရုပ်ပညာ ပြိုင်ပွဲမှာ တောင်ကိုရီးယားစက်ရုပ်ပညာအဖွဲ့က ပြိုင်ဘက်စက်ရုပ် ၂၂ ရုပ်ကို အနိုင်ယူပြီး ဆုငွေ အမေရိကန်ဒေါ်လာ ၂ သန်း ရရှိသွားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမား နျူကလီယားစက်ရုံ ကပ်ဘေးကို တုပဖန်တီးထားတဲ့ အခက်အခဲအတားအဆီးတွေကို ဖြတ်ပြီး စက်ရုပ်အားလုံးပြိုင်ပွဲဝင်ရတာပါ။ တခြားပြိုင်ပွဲဝင်စက်ရုပ်တွေကို ယှဉ်ပြိုင်အနိုင်ယူခဲ့တဲ့ ခိုက်စ်ထ်အဖွဲ့ရဲ့ DRC-Hubo စက်ရုပ်ဟာ ကားမောင်းတာ၊ လမ်းလျှောက်တာ စတဲ့ တာဝန်အမျိုးမျိုးကို ၁ နာရီအတွင်းမှာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာပါ။ တာဝန်အားလုံးကို ၄၄ မိနစ် ၂၈ စက္ကန့်အတွင်း ပြီးမြောက် အောင်မြင်ခဲ့တာမို့ ခိုက်စ်ထ်အဖွဲ့က အမြန်ဆုံးပါပဲ။ သူတို့ရဲ့ အော်ပရေတာတွေဆီက ဘေးသင့် အခြေအနေတွေကို တုပဖန်တီးပေးနေတဲ့ ပြတ်တောင်း ပြတ်တောင်း ဆက်သွယ်မှုနဲ့အတူ စက်ရုပ်တွေဟာ ဒီလိုစိန်ခေါ်မှုတွေကို အလိုအလျောက် ထိန်းချုပ် ကျော်ဖြတ်ခဲ့တာပါ။ တကမ္ဘာလုံးက အဆင့်မြင့်စက်ရုပ်သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့ ပြိုင်ပွဲဝင်အသင်းတွေဟာ ဟတ်ဝဲလ်တွေ၊ ဆော့ဖ်ဝဲတွေနဲ့ လူသားနဲ့ ယန္တရားထိန်းချုပ်မှု ကြားခံ ပစ္စည်းတွေကို တိုးတက်ဆန်းသစ်အောင် ပူးပေါင်းဆောင်ရွက်ကာ အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ဒါပါသုတေသနဌာနက ရွေးချယ်ပေးထားတဲ့ အခက်အခဲတွေကို ကျော်လွှားခဲ့ကြ တာပါ။ ဒီအာရ်စီပြိုင်ပွဲဟာ သဘာဝနဲ့ လူဖန်တီးတဲ့ကပ်ဘေးတွေကို တုံ့ပြန်ဆောင်ရွက်ရာမှာ လူသားတွေကို ထောက်ကူပေးနိုင်မယ့် စက်ရုပ်တွေကို စက်ရုပ်စနစ်တွေနဲ့ ဆော့ဖ်ဝဲအသင်းတွေက သူ့ထက်ငါအပြိုင် တီထွင်ဆန်းသစ်ကြတဲ့ပွဲတပွဲ ဖြစ်ပါတယ်။   [gallery link="none" columns="4" ids="98145,98146,98147,98148,98149,98150,98151,98152,98153,98154,98155" orderby="rand"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024