အမေရိကန် ကော်လိုရာဒိုတွင် လေဆင်နှာမောင်း တိုက်ခတ်

အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ်က အုပ်ချုပ်ရေး နယ်မြေ ၂ ခုမှာ လေဆင်နှာမောင်းတိုက်ခတ်လို့ အိမ် ၈ လုံး ပျက်စီးသွားပါတယ်။ ဇွန် ၄ ရက်နေ့က ပြည်နယ်မြို့တော် ဒန်ဘာမြို့အပြင်ပိုင်းနဲ့ မြောက်ပိုင်းက ဖော့ကောလင်းမြို့အနီးတို့မှာ လေဆင်နှာမောင်းနဲ့ ကြုံလိုက်ရတယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ရဲ့ တွစ်တာ စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရရှိတဲ့ သတင်းတွေတော့ ထွက်ပေါ်မလာပါဘူး။ အယ်ဘတ် အုပ်ချုပ်ရေးနယ်မြေမှာ အိမ် ၅ လုံး ပျက်စီးသွားပြီး  မွေးမြူရေးခြံတွေလည်း ခြံစည်းရိုးကျိုးပျက်သွားလို့ တိရစ္ဆာန်တွေကို ထိန်းသိမ်းဖို့ နယ်ခံအရေးပေါ် စီမံခန့်ခွဲရေးဌာနက သတိပေးချက် ထုတ်ပြန်ထားရပါတယ်။ လာရင်မာ အုပ်ချုပ်ရေး နယ်မြေမှာလည်း အိမ်သုံးလုံး ပျက်စီးသွားခဲ့ပြီး ရေကြီးနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားရပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="96291,96292,96293,96294,96295,96296"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up