အီရတ်နိုင်ငံ ရာမာဒီမြို့ကို စစ်သွေးကြွလက်မှ ပြန်သိမ်းယူရန် စစ်ဆင်ရေးစတင်

ဓာတ်ပုံ - အေအက်ဖ်ပီ
အီရတ်နိုင်ငံက အန်ဘာပြည်နယ်ရဲ့မြို့တော် ရာမာဒီကို အိုင်အက်စ်စစ်သွေးကြွတွေ ဆီကနေ ပြန်ယူနိုင်ဖို့ အီရတ်အစိုးရတပ်ဖွဲ့တွေနဲ့ ရှီးယားမွတ်စလင်တိုက်ခိုက်ရေးသမားတွေရဲ့ ပူးပေါင်းစစ်ဆင်ရေး စတင်လိုက်ပါတယ်။ ရှီးယားမွတ်စလင် စစ်သွေးကြွအဖွဲ့တွေကို ပေါင်းစုထားတဲ့ အပျော်တမ်းတပ်ဖွဲ့ တခုဖြစ်တဲ့ Popular Mobilisation ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တာပါ။ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရ အာမဒ်အလ်အက်ဆာဒီက “ဒီနေ့မနက်အစောကြီး ၅ နာရီမှာ ကျနော်တို့ရဲ့ သူရဲကောင်းတွေက အောင်ပွဲရရေး သီချင်းတွေကို သီဆိုပြီး စစ်ဆင်ရေး တရားဝင် စတင်လိုက်ပြီဆိုတဲ့အကြောင်း အချက်ပြလိုက်ပြီ။ အစိုးရတပ်ဖွဲ့တွေ၊ ရှီးယားတိုက်ခိုက်ရေးသမားတွေ၊ ဒေသခံ ဆွန်နီမျိုးနွယ် တပ်ဖွဲ့ဝင်တွေ စုစည်းထားတဲ့ စစ်ဆင်ရေးဟာ ရာမာဒီကို လမ်းကြောင်း ၃ ခု ခွဲပြီး အိုင်အက်စ်တွေကို တားဆီးသွားမယ်” လို့ ဆိုပါတယ်။ တချိန်တည်းမှာ Popular Mobilisation အဖွဲ့ဟာ အီရတ်မြောက်ပိုင်းရှိ ဘိုင်ဂျီမြို့မှာလည်း နေရာအနှံ့ ၀င်ရောက်ဖျက်ဆီးနေတဲ့ အစွန်းရောက်စစ်သွေးကြွကို တိုက်ခိုက်ချေမှုန်းရေး လုပ်ဆောင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ရာမာဒီကို ပြန်လည်ရရှိစေမယ့် လုပ်ငန်းစဉ်ကို ပံ့ပိုးပေးနိုင်မယ်လို့လည်း ယူဆနေပါတယ်။ “ဒီစစ်ဆင်ရေးဟာ ရာမာဒီကို ပြန်ရယူနိုင်ဖို့နဲ့ အဲဒီနေရာက စစ်သွေးကြွတွေကို မောင်းထုတ်လိုက်နိုင်ဖို့ ၂ လလောက် အချိန်ပေး တိုက်ခိုက်သွားရမှာပါ” လို့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုပါတယ်။ [caption id="attachment_94879" align="aligncenter" width="660"]ဓာတ်ပုံ - အေအက်ဖ်ပီ ဓာတ်ပုံ - အေအက်ဖ်ပီ[/caption] အန်ဘာနဲ့ ဆာလာဟီဒင်ကြား လမ်းကြောင်းတွေ ဘေးကင်းစေဖို့ လာမယ့်ရက်ပိုင်း အတွင်းမှာ ကျနော်တို့တွေ ဘိုင်ဂျီက စစ်သွေးကြွတွေကို ရှင်းလင်းပြီး ရာမာဒီက အဲဒီစစ်သွေးကြွတွေကို ဖယ်ရှားသွားမှာပါလို့ ဆိုပါတယ်။ ပြည်နယ်မြို့တော် ရာမာဒီဟာ ဒီလအတွင်းမှာပဲ အီရတ်စစ်တပ်တွေ ရုပ်သိမ်းခဲ့ပြီးနောက်မှာ အိုင်အက်စ်တွေ လက်ထဲ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up