ချဲလ်ဆီးအသင်း အောင်မြင်ဦးမည်ဟု ဖာဂူဆန်ပြော

ချဲလ်ဆီးအသင်းဟာ  အင်္ဂလိပ်ဘောလုံးလောကကို ဆက်လက် လွှမ်းမိုးထားဦးမယ်လို့ မန်ယူအသင်းရဲ့  ဂန္တ၀င်နည်းပြ ဖာဂူဆန်က ပြောကြားလိုက်ပါတယ်။ အကောင်းဆုံးနည်းပြဆု ပေးပွဲကို တက်ရောက်လာခဲ့တဲ့ ဖာဂူဆန်က  မော်ရင်ဟိုဟာ သူ့အသင်းအကြောင်းကို ကောင်းကောင်းသိပြီး ချဲလ်ဆီးအသင်းဟာ လာမယ့်နှစ်တွေမှာ အောင်မြင်ဦးမယ်လို့ ပြောသွားပါတယ်။ jose-mourinho_lic5oife57r017zw7mmsebl1dမော်ရင်ဟိုဟာ ပြောင်းလဲမှုရှိသလို ရှေရှည်ကိုကြည့်တတ်သူဖြစ်ပြီး သူ့ရဲ့ မန်ယူအသင်းအတွက်တော့ နာကျင်စရာနှစ်တွေ ဖြစ်လာမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ  အခုနှစ် ပရီးမီးယားလိဒ် အမှတ်ပေးဇယားရဲ့  ပထမနေရာမှာ ၂၇၄ ရက်ကြာ ရပ်တည်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့တဲ့ စံချိန်တခုလည်းတင်နိုင်ခဲ့သလို  မော်ရင်ဟို ကလည်း အကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up