ပွဲအပြီး မေ၀ယ်သာနှင့် ပတ်ကွီရိုတို့ရဲ့ စကားသံများ

ရာစုနှစ်အတွင်း ကြေးအကြီးဆုံး လက်ဝှေ့ပွဲအပြီးမှာတော့ ထိုးသတ်ခဲ့တဲ့ လက်ဝှေ့သမားတွေက သူတို့ရဲ့ ပွဲအတွေ့အကြုံတွေကို ပြောဆိုခဲ့ပါတယ်။ အနိုင်ရသွားတဲ့ မေ၀ယ်သာက မန်နီ ပတ်ကွီရိုကို ချီးကျူး ဂုဏ်ပြုလိုက်ပြီး လက်ဝှေ့လောကမှာ ဘာကြောင့် ထိပ်ရောက်လာသလဲဆိုတာတွေ့မြင်သွားပြီလို့ ပြောပါတယ်။ “ကျနော်ကို ဖိအားပေးတော့မယ်ဆိုတာနဲ့ တချို့ အချီတွေမှာ သူအသာ ရမယ်ဆိုတာကို သိနေပါတယ်၊  ထောင့်ထဲမရောက်မချဉ်း ကျနော် လက်သီးချက်တွေ အများကြီး မထိဘူး၊ သူလက်သီးချက်တွေ အများကြီး ပစ်သွင်းလိုက်တယ်၊” လို့ သူက ပြောပါတယ်။ သူက တွက်ချက်ပြီး ထိုးတတ်တဲ့ လက်ဝှေ့သမားဖြစ်သလို ပတ်ကွီရိုက ခက်ခဲတဲ့ ပြိုင်ဖက် ဖြစ်တယ်လို့လည်း မေ၀ယ်သာက ပြောပါတယ်။ “အဖေက ကျနော်ကို ဒီထက်ပိုလုပ်စေချင်တယ်၊ ဒါပေမယ့် ပတ်ကွီရိုက ကသိကအောက် ဖြစ်စေတဲ့ လက်ဝှေ့သမားဖြစ်ပါတယ်” လို့ မေ၀ယ်သာက ပြောပါတယ်။ ဒါအပြင် လက်ဝှေ့ပွဲအပြီး ကြိုးဝိုင်းထဲမှာ အရမ်းအကြမ်းခံနိုင်တဲ့သူဖြစ်တယ်လို့ ပတ်ကွီရိုကို မေ၀ယ်သာက ပြောပါတယ်။ “သူဘာမှ မလုပ်နိုင်တဲ့ အတွက် ကျနော်နိုင်ပြီလို့ ကျနော်ထင်တယ်၊ လက်သီးချက်တွေ အများအပြား ကျနော်သူကို ထိအောင် ထိုးနိုင်ခဲ့တယ်” လို့ ပတ်ကွီရိုက ပြောပါတယ်။ မေ၀ယ်သာက လှုပ်ရှားနေတဲ့ အတွက် ထိုးရခက်သလို သူငြိမ်သွားတာနဲ့ လက်သီးချက်တွေကို ပစ်သွင်းလိုက်တယ်လို့ သူက ပြောပါတယ်။ ဓာတ်ပုံ - ရိုက်တာ [gallery ids="91523,91522,91521,91520,91519,91518,91517,91516,91515,91514,91513,91512"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up