Home
မြန်မာသတင်း
ချင်းမိုင်ခရိုင်တွင် ရထားနှင့်ကားတိုက်မှုဖြစ်၊ ရှမ်းအလုပ်သမား ၇ ဦး သေဆုံး
DVB
·
March 25, 2015
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဆာရဖီးမြို့နယ်ထဲမှာ မတ်လ ၂၄ ရက်နေ့   ညနေပိုင်းက ရထား နဲ့ ကားတိုက်မိပြီး ကားပေါ်ပါလာတဲ့ ရှမ်းအလုပ်သမား ၇ ဦး သေဆုံးခဲ့တယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဆာရဖီးမြို့နယ် ရဲစခန်းက တာဝန်ကျ ဒုရဲအုပ် ကမ်ကျောက် ဆုယားဒီ ပြောပြချက်အရ  မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန် ဆာရဖီးဆေးရုံအနောက်ဘက်မှာ ရထားနဲ့ကားတိုက်မိကြောင်း သတင်းရလို့ လူနာတင်ယာဉ်နဲ့အတူ သွားရောက်စစ်ဆေးရာမှာ အမျိုးသား ၅ ဦး နဲ့ အမျိုးသမီး ၂ ဦး အလောင်းတို့ကို တွေ့ရှိပြီး အမျိုးသား ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ အားလုံးကို ဆာရဖီးဆေးရုံ ပို့ဆောင်ထားတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ [caption id="attachment_86906" align="aligncenter" width="615"]13511_889177217791946_5379146813320028137_n ဓာတ်ပုံ - Maejorescue ChiangMai's post[/caption] မျက်မြင်သက်သေတွေ ပြောပြချက်အရ အဲဒီကားဟာ ၀ပ်ပတ်ကောင့် ဘုန်းကြီးကျောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ အလုပ်သမားတွေကို တင်ဆောင်လာတာဖြစ်ပြီး မိုးတွေမည်းမှောင်နေတဲ့အတွက် အရှိန်နဲ့မောင်းလာတဲ့ ရထားကိုမမြင်ဘဲ ရထားရှေ့ကို ဖြတ်မောင်းခဲ့တာလို့ ဆိုပါတယ်။ [caption id="attachment_86907" align="aligncenter" width="639"]11079990_889177171125284_7671897987839906345_n ဓာတ်ပုံ - Maejorescue ChiangMai's post[/caption] ဟိုင်းလပ်ကားမောင်းသူနဲ့ ကားပေါ်ပါလာသူအားလုံးဟာ တောင်ပေါ်သားကတ် ကိုင်ဆောင်သူနဲ့ ရွှေ့ပြောင်းအလုပ်သမား ရှမ်းလူမျိုးတွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024