အင်းဆက်လောကတွင် ခုန်ပျံမှုအတိကျဆုံး ရှိခိုးကောင်
DVB
·
March 19, 2015
ရှိခိုးကောင်ဟာ အင်းဆက်လောကမှာ အခုန်အတိကျဆုံး တိရစ္ဆာန်မျိုးဖြစ်တယ်လို့ ကိန်းဘရစ်ခ်ျနဲ့ ဘရစ္စတိုးတက္ကသိုလ်မှ သုတေသနပညာရှင် မယ်လ်ကွန်ဘာရိုးစ်နဲ့ ဂရီဂိုရီဆက်တန်တို့က ဆိုပါတယ်။ သူတို့က ရှိခိုးကောင်ပေါင်း ၅၈ ရဲ့ သံပင်လေးဆီကို ခုန်ပျံမှုကို မှတ်တမ်းတင်ခဲ့ပါတယ်။
အနှေးပြကွက် ပြောင်းပြီး စောင့်ကြည့်ခဲ့ရာမှာ ဒီအင်းဆက်လေးတွေရဲ့ပြင်ဆင်မှုနဲ့ ခုန်လိုက်တဲ့အကြိမ်တိုင်းမှာ သွားလိုရာကို အတိအကျရောက်နိုင်တဲ့စွမ်းရည်ကို အသေးစိတ်မြင်တွေ့ခဲ့ပါတယ်။
ဒီလို ထိန်းချုပ်နိုင်စွမ်းဟာ အင်းဆက်လောက ရှားမှရှားပါ။ အများစုက သူတို့ခြေထောက်နဲ့ မြေပြင် လွတ်သွားတာနဲ့ မဟန်နိုင်တော့ဘဲ မကြာခဏဆိုသလို ချိန်သားမကိုက် ဖြစ်သွားတတ်ပါတယ်။ ဒီသုတေသနကို မတ်လထုတ် အမှတ် ၅ Current Biology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။