ATM ငွေထုတ်စက်များမှ ငွေကြေးလိမ်လည် ထုတ်ယူသူ နိုင်ငံခြားသား ၅ ဦး ဖမ်းမိ
DVB
·
December 22, 2014
အိန္ဒိယနိုင်ငံသား အများစုပါဝင်တဲ့ နိုင်ငံခြားသား ၅ ယောက်ကို ပုဂ္ဂလိကဘဏ်တွေရှိ ATM ငွေထုတ်စက်တွေက ငွေကြေးလိမ်လည်ထုတ်ယူလို့ ဖမ်းဆီးအရေးယူထားတယ်လို့ ဒီနေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
အင်္ဂလန်နိုင်ငံသားတယောက်နဲ့ အိန္ဒိယနိုင်ငံသား ၄ ယောက်တို့ဟာ ပုဂ္ဂလိကဘဏ်တွေရှိ ATM ငွေထုတ်စက်တွေရဲ့ အားနဲ့ချက်တွေအပေါ် အခွင့်ကောင်းယူပြီး နည်းပညာသုံးကာ ငွေကြေးလိမ်လည်ထုတ်ယူခဲ့ကြတာဖြစ်တယ်လို့ သတင်းအရ သိရပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့လအတွင်း ရန်ကုန်ရှိ ပုဂ္ဂလိကဘဏ် ၆ ခုက ATM ငွေထုတ်စက်တွေမှာ အကြိမ်ပေါင်း ၅၈ ကြိမ်ထက်မနဲ ငွေကြေး လိမ်လည်ထုတ်ယူခဲ့ကြပြီး သူတို့ကို ဖမ်းဆီးမိချိန်မှာ ငွေကျပ် ၂၅၂ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။
တရားခံတွေကို ဖမ်းဆီးစစ်ဆေးနေပြီး တယောက်ကတော့ ထွက်ပြေးလွတ်မြောက် နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းမှာဖော်ပြထားပါတယ်။