တယ်လီနော ရန်ကုန်တွင် ဆင်းကတ် ၁ သန်းဖြန့်မည်
DVB
·
October 17, 2014
နော်ဝေ အခြေစိုက် တယ်လီနော ကုမ္ပဏီဟာ အောက်တိုဘာ လကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းတာနဲ့ သူ့ရဲ့ ဆင်းကတ်တွေကို ရန်ကုန်မှ စပြီး ရောင်းချတော့မယ်လို့ တယ်လီနော မြန်မာ အမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ပြောပါတယ်။
[caption id="attachment_66218" align="alignright" width="303"] တယ်လီနောဆင်းကတ် မန္တလေးမြို့တွင် ရောင်းချပေးနေစဉ်[/caption]
မြို့နယ်ပေါင်း ၄၄ မြို့နယ်က ဆိုင်ပေါင်း ၆၀၀၀ ကျော်ကနေ တဆင့် ရောင်းပေး မှာဖြစ်ပြီး ဆင်းကတ် အရေအတွက် ၁ သန်းလောက် ပြင် ဆင်ထားတယ်လို့ ဆိုပါတယ်။
တယ်လီနော အနေနဲ့ မန္တလေးမှာ ဆင်းကတ်ရောင်းချပြီး ရန်ကုန်မှာ ရောင်းချဖို့ နောက်ကျနေရခြင်းဟာ နက်ဝေါ့ကောင်းအောင် လုပ်နေရလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အမှန်တကယ် ရန်ကုန်မှာ တာဝါတိုင် ၈၀၀ လောက် လိုပေမယ့် လက်ရှိ ၃၀၅ တိုင်ပဲ စိုက်ထူပြီးသေးတယ်လို့ အမှုဆောင်အရာရှိချုပ်က ရှင်းပြပါတယ်။