မြန်မာလူငယ်၂ ဦးကို ထိုင်းရဲ ထပ်မံစစ်ဆေး၊ ရင်ဘတ်နာနေဟု ပြော
DVB
·
October 12, 2014
ထိုင်းနို င်ငံ ခိုတောင်ကျွန်းခေါ် လိပ်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ယောက်ကို အောက်တိုဘာ ၁၂ ရက်မှာ ထိုင်းရဲက အကျဉ်းထောင်အတွင်း သွားရောက်စစ်ဆေးခဲ့ပြီး သူတို့နှစ်ယောက်စလုံးက ရင်ဘတ်နာနေတယ်လို့ ပြောခဲ့ကြောင်း ထိုင်းရုပ်သံလွှင့်ဌာနတခုက ထုတ်လွှင့်သွားခဲ့ပါတယ်။
ဒီရုပ်သံသတင်းနဲ့ ပတ်သက်ပြီး မြန်မာလူငယ်နှစ်ယောက်အရေး လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေနေဦးအောင်မျိုးသန့်ကို မေးကြည့်တော့ သူတို့အဖွဲ့နဲ့ တွေ့တုန်းကတည်းက ရင်ဘတ်နာနေတယ်လို့ ပြောခဲ့တယ်။ ဖမ်းဆီးပြီး စစ်ဆေးတုန်းက ထိုင်းရဲက ရင်ဘတ်ကို ကန်ခဲ့တာကြောင့်လို့ မြန်မာလူငယ်နှစ်ဦးက ပြောတယ်လို့ ဆိုပါတယ်။
အခုအခါ မြန်မာလူငယ်နှစ်ယောက်ရဲ့ လုံခြုံရေးအရ မိဘဖြစ်သူတွေကလွဲပြီး ကျန်သူတွေနဲ့ အတွေ့မခံတော့ဘူးလို့လည်း သိရပါတယ်။
မြန်မာလူငယ်နှစ်ယောက်အရေးနဲ့ ပတ်သက်လို့ ဖွဲ့ထားတဲ့ မြန်မာပြည်ကရောက်လာမယ့် ပြည်ထောင်စုအဖွဲနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ သူတို့အဖွဲ့ပြင်ဆင်နေကြပြီလို့ လည်း ဦးအောင်မျိုးသန့်က ပြောပါတယ်။
ရှေ့နေ ဦးအောင်မျိုးသန့်ကို ဒီဗွီဘီဝိုင်းတော်သား ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်