အော်ရီဒူး အင်တာနက် Package Plan အသစ်ကြေညာ
DVB
·
August 21, 2014
အင်တာနက်အသုံးပြုခတွေ ဈေးနှုန်းမြင့်နေတယ်လို့ ဝေဖန်ခံနေရတဲ့ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရပြီး မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှု ပေးနေတဲ့ ကာတာပိုင် အော်ရီဒူး ကုမ္ပဏီဟာ သူရဲ့ နောက်ထပ် အင်တာနက်ဝန်ဆောင်မှု အသစ်တွေနဲ့ နှုန်းထားသစ်တွေကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။
နဂို အင်တာနက် Package Plan တွေမှာ အများဆုံး ၁ ဂျီဘီအထိပဲ ပါပြီး အခုနောက်ထပ်
အစီအစဉ်မှာတော့ ၂ ဂျီဘီကို ကျပ် ၁၉၀၀၀၊ ၅ ဂျီဘီကို ကျပ် ၄၅၀၀၀ နဲ့ ၁၀ ဂျီဘီကို ကျပ် ၇၉၀၀၀ လို့ သတ်မှတ်ထားတာ တွေ့ရပါတယ်။
Package Plan တွေအားလုံးရဲ့ သက်တမ်းဟာ ရက်ပေါင်း ၃၀ ဖြစ်ပြီး ဖုန်းနံပတ် ၂၂၃၈ ကို နှိပ်ပြီး ရယူနိုင်ကြတယ်လို့ ကြေညာထားပါတယ်။
နဂို အစီအစဉ်တွေမှာတော့ ၁ ရက်အတွင်း ၃၀ အမ်ဘီ အသုံးပြုရင် ကျပ် ၅၀၀၊ ၁ ပတ်အတွင်း ၂၀၀ အမ်ဘီ အသုံးပြုရင် ကျပ် ၃၀၀၀၊ ၁ လအတွင်း ၁ ဂျီဘီ အသုံးပြုရင် ကျပ် ၁၂၀၀၀ စတဲ့ Package Plan တွေ ကြေညာထားပြီး ဖြစ်ပါတယ်။