Sunday, June 11, 2023
HomeLead Storyနာဇီအလံရိုက်နှိပ်ထားသည့်ကိုကင်းများ ပီရူး၌ ဖမ်းဆီးရမိ

နာဇီအလံရိုက်နှိပ်ထားသည့်ကိုကင်းများ ပီရူး၌ ဖမ်းဆီးရမိ

ဥရောပအတွက် ရည်ရွယ်ထားတဲ့ နာဇီအလံ တံဆိပ်နှိပ်ထားတဲ့ ကိုကင်းတွေကို ပီရူးက ဖမ်းဆီးရမိ ကြောင်း ဒေသအာဏာပိုင်တွေက မေ ၂၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

သတင်းတွေအရ ပီရူးရဲတပ်ဖွဲ့ဟာ ပွီရာမြို့မှာ ကိုကင်းအုတ် ၅၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မေ ၂၂ ရက်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ ဟစ်တလာ ဆိုတဲ့ စကားလုံးနဲ့ အမှတ်အသားပြုထားတဲ့ အထုပ်တွေကို နာဇီအလံပါတဲ့ ပါကင်ထုပ်တွေနဲ့ ထုပ်ပိုးထားတာပါ။ 

လေးထောင့်ပုံ အတုံး ၅၀ ကို ဘယ်လ်ဂျီယမ်ရဲ့နောက်ဆုံးဦးတည်ရာအဖြစ် အအေးခန်းကွန်တိန်နာရဲ့ လေဝင်လေထွက် ဧရိယာမှာ တွေ့ရှိခဲ့ရကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အကြီးအကဲ လူးဝစ်စ် ဘိုလာနော့စ် က ပြောပါတယ်။

ကိုကင်းပေါ်ရှိ နာဇီစနစ်ဟာ လူကုန်ကူးတဲ့အုပ်စုမှ အသုံးပြုတဲ့ သတ်သတ်မှတ်မှတ် သင်္ကေတတစ်ခု ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ 

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါး စုစုပေါင်းအလေးချိန်မှာ ၅၇ ဒသမ ၈ ကီလိုဂရမ် (၁၂၇ ဒသမ ၄ ပေါင်) ရှိကြောင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဥရောပဈေးကွက်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက တစ်ကီလိုကို ဒေါ်လာ ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ဝန်းကျင်လောက်ရှိလို့ မူးယစ်ဆေးဝါး မှောင်ခိုရာဇ၀တ်အဖွဲ့အစည်းက အမေရိကန် ဒေါ်လာ ၃ သန်းလောက် ဆုံးရှုံးသွားပြီလို့လည်း ဆိုပါတယ်။  

RELATED ARTICLES
- Advertisment -
Google search engine

Most Popular