Thursday, June 8, 2023
HomeLead Storyလစာတိုးပေးရန် စပိန် တရားရေးနှင့် ဆေးဘက်လုပ်သားများ ဆန္ဒပြ

လစာတိုးပေးရန် စပိန် တရားရေးနှင့် ဆေးဘက်လုပ်သားများ ဆန္ဒပြ

လူနေမှုစရိတ်တွေ မြင့်တက်လာနေတဲ့ စပိန်နိုင်ငံမှာ တရားရေးနဲ့ ဆေးဘက်ဆိုင်ရာ လုပ်သားတွေအပါအဝင် ဝန်ထမ်းတွေက လစာတိုးပေးဖို့ တောင်းဆိုပြီး  မြို့တော်မက်ဒရစ်မှာ မေ ၂၅ က ဆန္ဒပြသပိတ်ပွဲကို  စတင်လိုက်ပါတယ်။ 

အလုပ်သမားသမဂ္ဂ စာရင်းဇယားတွေအရ နိုင်ငံတဝန်းက လူပေါင်း ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ သပိတ်မှောက်ခဲ့ကြပါတယ်။ 

“ကုန်ဈေးနှုန်းတွေ တက်နေပေမဲ့ သူတို့ရဲ့ လုပ်ခတွေက ရပ်တန့်နေတာကြောင့် အခုအချိန်မှာ သူတို့ရဲ့ လူနေမှုအဆင့်အတန်းက ရပ်တန့်လုနီးပါးဖြစ်နေပြီ”လို့  စပိန်တရားရေးဝန်ထမ်း ကာရိုလိုင်းနားက ပြောပါတယ်။ 

ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် မြင့်တက်လာတဲ့ ငွေဖောင်းပွနှုန်းနဲ့အတူ လုပ်ခလစာ ပေးနိုင်မှုက ကျဆင်းလာခြင်းကြောင့် တရားရေးမဏ္ဍိုင်ရှိ အစိုးရဝန်ထမ်း အများအပြားက လစာတိုးပေးဖို့ တောင်းဆိုဆန္ဒပြပွဲတွေကို စီစဉ်ခိုင်းခဲ့တာလို့ ဆိုပါတယ်။

“ငွေကြေးဖောင်းပွမှုက နိုင်ငံသားတိုင်းကို သက်ရောက်မှုရှိတာကြောင့် အခုအခါမှာ ပြည်သူ့ ဝန်ထမ်းတွေရဲ့ ဝင်ငွေဟာ သူတို့ရဲ့အသုံးစရိတ်ထက် နည်းသွားပါပြီ။ စီးပွားရေးလုပ်ငန်းတွေနဲ့ လူတွေက ငွေပေးရတယ်။ အဲဒီအတွက် အစိုးရက တာဝန်ယူရမှာဖြစ်ပါတယ်”လို့ စပိန်တရားရေး ဝန်ထမ်း အန်တိုနီယိုက ပြောပါတယ်။ 

ဧပြီ ၁၇ ရက် ကတည်းက စပိန်နိုင်ငံ ဆန္ဒပြပွဲတွေမှာ တရားရေးလုပ်သားများစွာ ပါဝင်ခဲ့ပြီး စပိန်အစိုးရနဲ့ သဘောတူညီမှု မရခဲ့လို့ ရက်အကန့်အသတ်မရှိ သပိတ်မှောက်ခဲ့ပါတယ်။

စပိန်နိုင်ငံတဝန်း နေရာတော်တော်များများမှာ အသေးစားဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး ငွေကြေး ဖောင်းပွမှု ကြီးထွားလာချိန်မှာ နိုင်ငံလုံးဆိုင်ရာ သပိတ်အသစ်ကို မေ ၂၅ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

လနဲ့ချီ ကြာရှည်တဲ့ သပိတ်မှောက်မှုတွေအတွင်း စပိန်နိုင်ငံရှိ တရားစီရင်ရေး မဏ္ဍိုင်လည်း အားနည်းလုနီးပါး ဖြစ်နေကြောင်း အလုပ်သမားသမဂ္ဂတွေက အလေးပေး ပြောကြားပါတယ်။

နိုင်ငံတဝန်း တရားရေးအရာရှိ ၄၅၀၀၀ လောက်ခွဲလောက် ဆန္ဒပြတဲ့အထဲ ဝင်ပါနေကြတာကြောင့် အမှုပေါင်း ၆ သိန်းကျော်နဲ့ တရားရေးပိုင်း လုပ်ငန်းစဉ်ပေါင်း သန်း ၄၀ ကျော်ကို ဆိုင်းငံ့ထား ရပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular