Saturday, June 10, 2023
HomeLead Storyတရုတ်ဟက်ကာများက အမေရိကန် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ဟု Microsoft ပြော

တရုတ်ဟက်ကာများက အမေရိကန် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခဲ့ဟု Microsoft ပြော

တရုတ်အစိုးရ ကျောထောက်နောက်ခံ ဟက်ကာအဖွဲ့က အမေရိကန်ရဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ Microsoft က ပြောကြားခဲ့ပါတယ်။

အစိုးရနဲ့ ဆက်သွယ်ရေး အဖွဲ့အစည်းများ အပါအဝင် လုပ်ငန်းအမျိုးမျိုးမှာ အရေးကြီးတဲ့ ဆိုက်ဘာ အခြေခံအဆောက်အအုံတွေကို တရုတ်အစိုးရက ပံ့ပိုးပေးထားတဲ့ ဟက်ကာတွေက တိုက်ခိုက်နေတယ်လို့ Microsoft က မေ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဟက်ဟာအဖွဲ့မှာ “Volt Typhoon” လို့ အမည်ပေးထားပြီး ၂၀၂၁ နှစ်လယ်ပိုင်းကတည်းက စတင်လှုပ်ရှားနေပြီလို့ Microsoft ရဲ့ ဘလော့ဂ်ပို့စ်တခုမှာ ပြောကြားခဲ့ပါတယ်။

တရုတ်ဟက်ကာတွေဟာ အမေရိကန်ရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားနေပြီး အနာဂတ်မှာ အမေရိကန်နဲ့ အာရှကြားမှာ အရေးကြီး ဆက်သွယ်မှုတွေကို အနှောင့်အယှက်ဖြစ်စေဖို့အတွက် နည်းပညာဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်နိုင်တယ်လို့ Microsoft က ဆိုပါတယ်။

အမျိုးသားလုံခြုံရေးအေဂျင်စီ၊ FBI၊ ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီ (CISA) နဲ့ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနဲ့ ဗြိတိန်တို့က “မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့တဲ့ လှုပ်ရှားနေတဲ့ တရုတ်ဟက်ကာ” နဲ့ ပတ်သက်တဲ့ ပူးတွဲအ​ကြံပေးချက် နည်းပညာဆိုင်ရာ အ​​သေးစိတ်အချက်အလက်တွေကို မျှဝေခဲ့ကြပါတယ်။

နစ်နာခဲ့တဲ့ သုံးစွဲသူတွေကို အပေးအယူခံရတဲ့ အကောင့်အားလုံးအတွက် အထောက်အထားပိတ်ဖို့ (သို့မဟုတ်) ပြောင်းလဲဖို့ Microsoft က အကြံပေးထားပါတယ်။

တရုတ်အစိုးရ ကျောထောက်နောက်ခံ ဟက်ကာတွေဟာ အရင်က အမေရိကန်ကုမ္ပဏီတွေထံက အရေးကြီးတဲ့ သတင်းအချက်လက်တွေကို ပစ်မှတ်ထားခဲ့ပါတယ်။

နာမည်ကျော်ကြားတဲ့ ဥပဒေလုပ်ငန်းတခုဖြစ်တဲ့ Convington & Burling ကို ၂၀၂၀ မှာ တရုတ်အစိုးရ ပံ့ပိုးထားတဲ့ ဟက်ကာတွေလို့ သံသယရှိသူတွေရဲ့ ကျူးကျော်ခြင်းကို ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံပိုင် သတင်းစာဖြစ်တဲ့ “China Daily” က Microsoft ရဲ့ ခဲဲွခြမ်းစိတ်ဖြာမှုနဲ့ ထောက်လှမ်းရေး အသိုင်းအဝိုင်းက သတိပေးချက်တွေကို “နိုင်ငံရေးဝါဖြန့်မှု” အဖြစ် ဖြေဆိုထားပါတယ်။

အမေရိကန်ပြည်ထောင်စုကို ဖြတ်ကျော်သွားတဲ့ တရုတ်သူလျှိုမီးပုံးပျံကို အမေရိကန်ဘက်က ပစ်ချပြီးနောက် အခုနှစ်အစောပိုင်းမှာ အမေရိကန်-တရုတ် ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular