Sunday, June 11, 2023
HomeLead Storyချီလီတွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ရေနေသတ္တဝါ ၉,၀၀၀ နီးပါးသေဆုံး

ချီလီတွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ရေနေသတ္တဝါ ၉,၀၀၀ နီးပါးသေဆုံး

ချီလီနိုင်ငံရဲ့ မြောက်ဘက်ကမ်းရိုးတန်းဒေသမှာ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ပင်လယ်ခြ‌င်္သေ့၊ ပင်ဂွင်းနဲ့ ဖျံ အပါအဝင် ရေနေသတ္တဝါပေါင်း ၉,၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ တောင်အမေရိက ငါးဖမ်းလုပ်ငန်းက မေ ၂၅ ရက်မှာ ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အစပိုင်းတည်းက ပင်လယ်ခြင်္သေ့ ၇,၆၀၀ ကျော်၊ ပင်ဂွင်း ၁,၁၈၆ ကောင် အပါအဝင် ချီလီနဲ့ ပီရူးမှာရှိတဲ့ မျိုးတုံးမှုအန္တရာယ်ရှိနေတဲ့ ဖျံတွေ၊ လိပ်တွေနဲ့ လင်းပိုင်တွေကို ကမ်းရိုးတန်းတလျှောက် သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဆာနိပ်ကာ ဝန်ဆောင်မှုက ပြောပါတယ်။

အဆိုပါရောဂါဟာ ချီလီနိုင်ငံရဲ့ ဒေသ ၁၆ ခုအနက် ၁၂ ခုမှာ တွေ့ရှိရပြီး ကမ်းရိုးတန်းတလျှောက် ထိခိုက်သေဆုံးနေတဲ့ တိရစ္ဆာန်‌တွေကို မြှုပ်နှံပြီး ကမ်းရိုးတန်းတလျှောက် ဗိုင်းရပ်စ်ကူးစက်မှု ထပ်မံမပြန့်ပွားဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် နှောင်းပိုင်းက စတင်ပြီး ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှုဟာ စံချိန်တင် ဆိုးရွားခဲ့ပြီး ကြက်ငှက်သန်းပေါင်းများစွာကို သေဆုံးစေခဲ့ကာ ကမ္ဘာတဝန်း နို့တိုက်သတ္တဝါတွေကြားမှာ အစုလိုက်အပြုံလိုက် သေဆုံးမှုနဲ့ ကူးစက်မှုလည်း မြင့်တက်လာခဲ့ပါတယ်။

ဒီရောဂါဟာ ကုသဆေးမရှိဘဲ တောရိုင်းငှက်တွေနဲ့ အိမ်မွေးငှက်တွေကို သေစေနိုင်ပြီး တောင်အမေရိက၊ ဘရာဇီး၊ ပါရာဂွေးနဲ့ ပီရူးတို့မှာ ရာနဲ့ချီတဲ့ ပင်လယ်ခြင်္သေ့ သေဆုံးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ဖေဖော်ဝါရီလလယ်ပိုင်းက H5N1 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတဦး သေဆုံးခဲ့ပြီး သူ့ရဲ့ဖခင်မှာလည်း ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular