Sunday, June 11, 2023
HomeLead Storyဂျပန်တွင် လူ ၄ ဦး ပစ်သတ်ခံရမှုအတွက် မြို့ကောင်စီအကြီးအကဲ၏သား ဖမ်းဆီးခံရ

ဂျပန်တွင် လူ ၄ ဦး ပစ်သတ်ခံရမှုအတွက် မြို့ကောင်စီအကြီးအကဲ၏သား ဖမ်းဆီးခံရ

ဂျပန်နိုင်ငံအလယ်ပိုင်း နာဂါနိုစီရင်စုရှိ နာကာနိုမြို့မှာ လူ ၄ ဦး သေဆုံးခဲ့တဲ့ ရှားရှားပါးပါး သေနတ်ပစ်၊ ဓားထိုးမှုဖြစ်ရပ်အတွက် သံသယရှိတဲ့ မြို့တော်ကောင်စီ အကြီးအကဲရဲ့ သားဖြစ်သူကို ဂျပန်ရဲတပ်ဖွဲ့က မေ ၂၆ ရက်မှာ ဖမ်းဆီးခဲ့ကြောင်း NHK သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံ ကျေးလက်ဒေသမှာ မေ ၂၅ ရက်က ဓားထိုးမှုနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကို ချက်ချင်း သိရှိနိုင်ခဲ့ကြောင်းလည်း ဆိုပါတယ်။

အမျိုးသမီးတဦး ဓားနဲ့ထိုးခံရတယ်ဆိုတဲ့ သတင်းကို တုံ့ပြန်ဆောင်ရွက်ဖို့ အခင်းဖြစ်ရာကို ရောက်ရှိလာတဲ့ ရဲအရာရှိ ၂ ဦးကို သံသယရှိသူက ပစ်ခတ်ခဲ့အပြီးမှာ ဖခင်ဖြစ်သူ နာကာနိုမြို့တော်ကောင်စီ အကြီးအကဲရဲ့ နေအိမ်မှာ ပုန်းနေခဲ့တယ်လို့ NHK က ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ် သံသယရှိသူ အမျိုးသားဟာ သူကိုင်ဆောင်ပစ်ခတ်ခဲ့တဲ့ အမဲလိုက်ရိုင်ဖယ်အတွက် လိုင်စင်ရထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးလည်း သေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ တခြား သက်ကြီးရွယ်အို အမျိုးသမီးတဦးလည်း သေဆုံးသွားခဲ့ကြောင်း ဒေသခံမီဒီယာက ဆိုပါတယ်။

ဒဏ်ရာရရှိသူဟာ အခင်းဖြစ်ပွားရာ နေရာအနီးမှာ လဲလျောင်းနေတယ်လို့ ယူဆထားပြီး အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်လို့ နာဂါနိုစီရင်စု ရဲတပ်ဖွဲ့က သောကြာနေ့ နေ့လယ်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular